ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် | Ministry Of Information Skip to main content Breadcrumb Home / ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် Source link
နေပြည်တော်၊ နိုဝင်ဘာ ၇ (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေး (10th Ayeyawady- Chao Phraya-Mekong Economic Cooperation Strategy (ACMECS)) ကို ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီယားနိုင်ငံ ၀န်ကြီးချုပ် H.E. Mr. Hun Manet၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. […]
Asia Buddhist Summit 2024 အစည်းအဝေးသို့ သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက် နယူးဒေလီ နိုဝင်ဘာ ၆ International Buddhist Confederation ၏ဖိတ်ကြားချက်အရ အဘိဓဇမဟာရဋ္ဌဂုရု သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူ အဓိပတိဆရာတော်ကြီးသည် ဗုဒ္ဓသာသနာ တော်ကြီး ကမ္ဘာအနှံ့ပြန့်ပွားစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အသောကဟိုတယ်၌ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 သို့ တက်ရောက်သည်။ အဆိုပါ အခမ်းအနားသို့ အိန္ဒိယနိုင်ငံ သမ္မတ ယဉ်ကျေးမှုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးနှင့် နိုင်ငံပေါင်း ၃၀ ကျော်မှ ဖိတ်ကြား ထားသော ဘာသာရေး ခေါင်းဆောင်များ၊ ပါမောက္ခများ၊ ပညာရှင်များ စုစုပေါင်း ၁၀၀၀ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေး၊ ကြိုဆိုညစာစားပွဲအခမ်းအနားသို့ တက်ရောက် နေပြည်တော် ၊ နိုဝင်ဘာ – ၆ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေး များတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ […]
https://www.youtube.com/watch?v=rxCa4nBCbC4 #Daily_NewsPublished 4 November 2024 ၁။ မြန်မာလှေလှော်အသင်း လက်ရည်စစ်ပွဲများအောင်ပွဲရပြီး “ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲ”သို့ဝင်ခွင့်ရ ၂။ သီရိမင်္ဂလာဈေးသို့ တစ်ရက်လျှင် ကုန်ချိန်သုံးသိန်းကျော် ဝင်ရောက်ပြီး ပြန်လည်ဖြန့်ဖြူးနေ ၃။ အခုအပတ်စားအုန်းဆီဈေးရာဂဏန်းတက်၊ ရန်ကုန်(၄၄)မြို့နယ်သို့ ရည်ညွှန်းဈေးဖြင့်အိမ်တိုင်ရာ ရောက်ပို့ပေးနေ ၄။ ကမ္ဘာ့ပေအမြင့်ဆုံး လေအားလျှပ်စစ်စက်ရုံ တရုတ်နိုင်ငံ ရှီဇန်ဒေသ၌စတင်လည်ပတ်… အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက် _______ နေပြည်တော်ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်ပိုင်း တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၄)ကြိမ် မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ကော်မတီမှဆုံးဖြတ်ပေးရန် အမှာစာများအား ဖတ်ကြားတင်ပြခြင်း၊ ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင် နေပြည်တော်ကောင်စီနှင့် တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ […]
အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇)ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် နေပြည်တော် နိုဝင်ဘာ ၂ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့တွင် အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၂ ရက်အထိ ကျင်းပသည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇)ကြိမ်မြောက် အစည်းအဝေးနှင့် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်ခံကျင်းပသည့် အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံ(၂၀၂၅)အား ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံမျှော်မှန်းချက်(၂၀၄၅)ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံအရာထမ်း နှစ်ဦး တက်ရောက်ခဲ့သည်။ယင်းအစည်းအဝေးနှင့် ဆက်စပ်၍ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ […]
Credit to Popular Journal – အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပခဲ့သည့် Jakarta Forum on ASEAN-China Relations သို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဖိုရမ်ကို ဂျကာတာမြို့တွင် နိုဝင်ဘာ (၁)ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းဖိုရမ်၌ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အာဆီယံ – တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးဖြစ်သည့် မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖိုရမ်ကို အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ […]
ပဉ္စမအကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံ တတ်သိပညာရှင်များ ဖိုရမ်သို့ ဒုတိယဝန်ကြီး ဦးအောင်မြိုင် တက်ရောက် နေပြည်တော် နိုဝင်ဘာ ၁ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲအစိုးရ၏ ဖိတ်ကြား ချက်အရ တယ်ဟုန်းပြည်နယ်ခွဲ မန်စီမြို့တွင် အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် တရုတ် – မြန်မာ နှစ်နိုင်ငံတတ်သိပညာရှင်များ ဖိုရမ်သို့ တက်ရောက်ခဲ့သည်။ ဖိုရမ်ကို ၂၀၁၇ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံအကြား ပို့ဆောင်ဆက်သွယ်ရေး၊ စီးပွားရေး နှင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖိုရမ်အတွင်း ဒုတိယဝန်ကြီးသည် အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ ဖိုရမ်ဆွေးနွေးမှုအပိုင်းများတွင် […]
https://www.youtube.com/watch?v=EFzZq84zGoo #Daily_NewsPublished 1 November 2024 ၁။ ရွှေတိဂုံစေတီတော်တွင် စုပေါင်းမဟာဘုံကထိန်အခမ်းအနားကျင်းပ ၂။ ပို့ကုန်ရငွေများကို AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် MRF တိုက်တွန်း ၃။ စက်သုံးဆီအမျိုးအစားအားလုံးဈေးငြိမ် ၄။ အာကာသယာဉ်မှူး(၃)ဦးပါဝင်သော ရှန်ကျိုး-၁၉အာကာသယာဉ်ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်ရောက်ရှိ … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link