နေပြည်တော်၊ အောက်တိုဘာ ၃၁ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ၂၉-၁၀-၂၀၂၄ ရက်နေ့က ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် နေပြည်တော်ပညာရေးမှူးရုံး တိုင်းဦးစီးမှူး ဒေါက်တာကျော်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပန်းဖွားအက နှင့် ဘင်ခရာတီးဝိုင်းအဖွဲ့တို့မှ ကျောင်းသား၊ ကျောင်းသူများအား […]
(၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် နေပြည်တော် အောက်တိုဘာ ၃၀ (၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံကို “ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် စင်ကာပူနိုင်ငံ၌ အောက်တိုဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပလျက်ရှိရာ အဆိုပါ ညီလာခံသို့ စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E. Mr. Lucien Wong ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ (၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံတွင် စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E. Mr. […]
နေပြည်တော် အောက်တိုဘာ ၂၆ မြန်မာ-ရုရှား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Tour Operator များနှင့် Tour Agency များပါဝင်သော ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲနှင့် Business Matching အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။ တက်ရောက် အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ လေကြောင်းလိုင်းများနှင့် ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဓိကခရီးစဉ်ဒေသများအကြား အချိန်တိုတိုအတွင်း သွားရောက်လည်ပတ်နိုင်စေရန်၊ ချောင်းသာ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် Source link
ပုသိမ်၊ အောက်တိုဘာ ၂၅ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ နေ့လယ်ပိုင်း၌ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအားကစားနည်းအလိုက် အသင်းတာဝန်ခံများနှင့်တွေ့ဆုံပွဲ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ရှာဖွေဖော်ထုတ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်မှုများ၊ ဖွဲ့စည်းမှုများနှင့် စခန်းသွင်းလေ့ကျင့်မှုများအား ကြိုတင်ပြင်ဆင်ခြင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်သည့်နည်းပြများ၊ နည်းစနစ်မှူးများက စနစ်တကျလေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားကောင်းများ ထွက်ပေါ်လာရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အားနည်းချက်များကိုပြင်ဆင်ပြီး အောင်မြင်မှုပန်းတိုင်ရောက်အောင် ဆောင်ရွက်ကြရန်နှင့် အားကစားသမားများ ကိုယ်ကာယကြံခိုင်ရေးအစားအသောက်မှစ၍ ဂရုပြုဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မိမိတို့တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် […]
(၁၀-၁၀-၂၀၂၄ ရက်၊ ဗီယင်ကျန်း) လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၁၀-၁၀-၂၀၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေး၊ (၂၅) ကြိမ်မြောက် အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံ-ဂျပန်ထိပ်သီးအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေး၊ (၄) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေး၊ အာဆီယံပေါင်းစည်းဆက်သွယ်မှုနှင့် ကြံ့ကြံခံနိုင်မှုကိုမြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ-ကနေဒါအထူးထိပ်သီးအစည်းအဝေးနှင့် အရှေ့တောင် အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်သို့ လူဇင်ဘတ်နိုင်ငံ ပါဝင် လက်မှတ်ရေးထိုးပွဲအခမ်းအနားတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး […]