ရန်ကုန်၊ နိုဝင်ဘာ ၁၂ မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းအုပ်စု ကျောင်းအိုရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နှင့် ဗုံးကျဲချ၍ ပြည်သူ့ နေအိမ် ၂ လုံးထိခိုက်ပျက်စီးသွားပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီး ကျောင်အိုရွာ စာသင်ကျောင်းတောင်ဘက်ရှိ ပြည်သူ့နေအိမ်ပေါ်သို့ ဗုံးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “မနက် ၅နာရီခွဲကနေ မိနစ် ၅၀ ခန့်အကြာ ဇဂျမ်းစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ကြတယ်။ လေယာဉ်ဗုံးကြောင့် နေအိမ် ၂လုံးထိခိုက်ပျက်စီးပါတယ်။ ပြည်သူထိခိုက်မှုစုံစမ်းဆဲပါ”ဟု လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်သားများသည် ကန်မြဲ-ဇဂျမ်းလမ်းဆုံသို့ ရောက်ရှိနေပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးနေကာ […]
ဆိုးလ်မြို့ရှိ စစ်ကောင်စီ၏ သံရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်တမ်းတိုး ထောက်ခံချက်ပေးနေသဖြင့် တောင်ကိုးရီးယားအစိုးရက ဆက်လက် နေထိုင်ခွင့်ပြုနေကြောင်း သိရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာဖြင့်နေထိုင်သူတို့၏ နိုင်ငံကူးလက်မှတ်များကို NUG တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးထောက်ခံချက် ထုတ်ပေးခြင်းဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်ပေါ်တွင် NUG ကိုယ်စားလှယ်ရုံးက ၂ နှစ်သက်တမ်းတိုးပေးကြောင်း တံဆိပ်တုံးထုပေးသည်ဟု ကိုယ်စားလှယ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မူလစာအုပ်ကို သက်တမ်း ၂ နှစ် တိုးပေးပါတယ်။ ကိုရီးယား လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) က လက်ခံပါတယ်။ အခြားနိုင်ငံကတော့ (လက်ခံလား) မပြောတတ်သေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။ ဇူလိုင်မှစကာ NUG အစိုးရ၏ ဆိုးလ်မြို့ […]
NUG အစိုးရ နိုင်ငံတော် သမ္မတ ဒူဝါလရှီးလနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး ကော်မတီတို့ တွေ့ဆုံ ဆွေးနွေး ရန်ကုန်၊ နိုဝင်ဘာ ၉ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ် ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်း ကော်မတီတို့ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် Zoom Platform မှ တဆင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကြီး ဒူဝါလရှီးလနှင့်အတူ နိုင်ငံတော်သမ္မတရုံး အတွင်းဝန်၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနှင့် သမ္မတရုံးအဖွဲ့ဝင်များ ပါဝင် တက်ရောက်ကြပြီး မန္တလေးလုပ်ငန်း ကော် မတီမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း […]
ရန်ကုန်၊ နိုဝင်ဘာ ၈ ပဲခူးတိုင်း၊ တောင်ငူမြို့အနီး တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၈ နာရီခန့်မှစတင်၍ တောင်ငူမြို့နယ်၊ အိုင်စောက်ရွာ၊ ကမ်းနီရွာ၊ ကရင်နီကုန်းရွာ၊ သက်ကယ်ကျင်းရွာနှင့် ညောင်စခန်းကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူလေတပ်၊ အမြောက်တပ်နှင့် အိုင်စောင့်ကျေးရွာ၌အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက ပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး များ ဖြင့် ပစ်ခတ်ခဲ့ရာ ကွမ်းသီးပင်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ […]
ရန်ကုန်၊ နိုဝင်ဘာ ၇ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် ကြိုးစားခဲ့သည့် မူလတန်းကျောင်းအုပ်ဆရာ ဦးသီးဖေပါ ၉ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေါင်းညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အောက်တိုဘာလ ၉ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာ မူလတန်းကျောင်းအုပ်ကြီး ဆရာကြီး ဦးသီးဖေ၊ ကျောင်းဆရာမနှစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဇနီးဖြစ်သူ သန်းစိုး၊ ပန်းချီရှောင်ရွာနေ ဦးကျော်အေး၊ သရက်နှစ်ခွကျေးရွာနေ ဆရာမနှစ်ဦးနှင့် မဲနယ်အိုကျေးရွာနေ ဆရာမ တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပူးပေါင်းပါဝင်ခဲ့ သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ “သူတို့ကို ခေါ်လာကတည်းက သန်းခေါင်စာရင်းကောက်မဲ့အချိန်ပြီးရင် ပြန်လွှတ်ဖို့ ထိန်းသိမ်းထား တာပါ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ်လည်း သူတို့ကို ပုံမှန်အတိုင်းပဲ ကျနော်တို့နေသလို ထားပါတယ်။ […]
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးဘုတ်အဖွဲ့တာဝန်ခံနဲ့ မိသားစု လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် အမိန့်ပေးစေခိုင်းသူများနဲ့ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်ပြီး တရားမျှတမှုရရှိစေရန် ဆောင်ရွက်သွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။နိုဝင်ဘာ ၄ရက် ညပိုင်းက ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးသည် တပုန်းကျေးရွာနေအိမ်အတွင်း ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့နှင့်အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရတာပါ။ အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေသူ ဆရာနဲ့ သူ၏မိသားစုကို အခုလို တရားလက်လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရခြင်းအမှုနဲ့ ပတ်သက်ပြီး မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း NUG၏ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။တပုန်းကျေးရွာဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုဖြစ်ပေမယ့် လုပ်ကြံသတ်ဖြတ်သူတွေဟာ စစ်အုပ်စုနဲ့ ဆက်နွယ်သူတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေက […]
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် မိသားစုဝင်များ သတ်ဖြတ်ခံရမှုကို ဖော်ထုတ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၆ရက်)တွင် ထုတ်ပြန်သည်။ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေနှင့် သုံးလအရွယ် သမီးငယ်တို့မှာ ပြီးခဲ့သည့်နိုဝင်ဘာ ၄ ရက်နေ့က ကနီမြို့နယ်၊ တပုန်းရွာနေအိမ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ “ကိုဝင်းဌေးက အိပ်ယာထဲမှာ ဓါးနဲ့ထိုးသတ်ခံရတဲ့ အနေအထားပေါ့။ အိပ်တာတောင် ပုံမပျက်ဘူးပေါ့။ မိန်းမဖြစ်သူကတော့ ကုတင်ပေါ်ကနေ မြေကြီးပေါ်ကို ဇောက်ထိုးအနေထားနဲ့ သူကတော့ ရုန်းရင်းဆန်ခတ်နဲ့ ခုတ်ခံရတဲ့အနေအထားလို့ မျက်မြင်တွေ့တဲ့သူတွေက ပြောတယ်။ သားအမိ သားအဖသုံးယောက်ပဲရှိတာပေါ့။ ကလေးကတော့ လည်ပင်းကို ဓါးနဲ့လှီးထားတယ်” ဟု ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရသည့် သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး […]
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် K2C တို့ ပူးတွဲကြေညာထားသော ဘုံသဘောတူညီချက်တွင် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ရေး စိန်ခေါ်ချက်များရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ပြောသည်။ NUG အပါအဝင် ၎င်း၏ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်း အရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ခေါင်းဆောင်များသည် နိုဝင်ဘာ ၅ ရက် ညနေတွင် အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။ NUG နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စုပေါင်း၍ K2C ဟုလည်း အများက အလွယ်ခေါ်ကြသည်။ […]
နေပြည်တော်၊ နိုဝင်ဘာ ၃ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နိုဝင်ဘာလ ၂ ရက်နေ့တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Ye Htet Naing” Facebook အကောင့်နှင့် […]
အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေက နိုဝင်ဘာလ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဖမ်းဆီးရမိသူတွေလို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံအောက်မှာ “အကြမ်းဖက် NUG အဖွဲ့နှင့် ပူးပေါင်းပြီး လူကုန်ကူးနေတဲ့ အဖွဲ့ဖမ်းဆီးရမိ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားကာ “မန္တလေးတွင် ဖမ်းဆီးရမိသည့် လူကုန်ကူး ဂိုဏ်းအဖွဲ့ဟာ NUG အဖွဲ့နှင့် ဆက်စပ်နေသူများဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အမျိုးသမီးငယ်များကို အဓိကထားရောင်းစားနေသူများဖြစ်ကြောင်း စစ်ကြောချက်အရသိရှိရ” လို့ ထပ်မံရေးသားထားပါတယ်။ မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွက်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ချီထားကြပါတယ်။ သတင်းဆန်းစစ်ချက် မန္တလေးမြို့မှာ NUG […]