ylliX - Online Advertising Network

UN Plaza တွင်ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးပွဲ Mr. Tom Andrews ၊NUG ဝန်ကြီးများနှင့် သံအမတ်ကြီးတက်ရောက်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ United Nations Plaza တွင် “United Nations Day of Action for Myanmar/Burma” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတရပ်ကို အောက်တိုဘာ ၃၁ ရက်နေ့တွင် Burma Advocacy Groupက ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲကို ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် ကုလသမဂ္ဂဆိုင်ရာ […]

ပလက်ဝအ​ခြေစိုက်တပ်များမှ ဗိုလ်မှူး ၂ဦး ဦးဆောင်ပြီး အရာရှိစစ်သည် ၆၁ ဦး NUG ထံ အလင်းဝင်

ချင်းပြည်နယ်၊ ပလက်ဝအ​ခြေစိုက်တပ်များမှ ဗိုလ်မှူး ၂ဦး ဦးဆောင်ပြီး အရာရှိစစ်သည် ၆၁ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ထံ အလင်းဝင်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်တဲ့ အရာရှိနဲ့စစ်သည် ၃၅ ဦးပါ တပ်ဖွဲ့နဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်တဲ့ ၂၆ ဦးပါ တပ်ဖွဲ့တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက NUG ကာကွယ်ရေးဝန်ကြီးဌာနထံအလင်းဝင်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီအနေနဲ့ ပြည်သူ့အာဏာကို မတရားရယူခြင်း ပြည်သူ မတရားညှဉ်းပန်းနှိပ်စက်တာ ပြည်သူကို မတရားသတ်ဖြတ်တာတွေကို မြင်တွေ့ ကြားသိနေရတာကြောင့် စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေမှုတွေကို လက်မခံနိုင်တော့ဘဲ ပြည်သူ့ရင်ခွင် CDM ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ CDM ဗိုလ်မှူး အောင်မျိုးသွင်က ပြောပါတယ်။ပြည်သူ့ရင်ခွင် ခိုလှုံလာသော အရာရှိနဲ့ စစ်သည် စုစုပေါင်း ၆၁ […]

စိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ် ၂၀၀ ကို ICJ က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီ ဗိုလ်ချုပ်တွေပါဝင်တဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူ တစ်ဦးရဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဒုတပ်ချုပ်စိုးဝင်းနဲ့ စစ်ဗိုလ်ချုပ်ကြီး ၂၀၀ ဦးကို ICJ မှ ဖမ်းဝရမ်း ထုတ်လိုက်ပြီ။ ပွဲသိမ်းပြီဟေ့” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စိုးဝင်းအပါအဝင် […]

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ အောက်တိုဘာ ၃၀ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း အောက်တိုဘာလ ၂၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Her Sal Yon(Ko King)” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ […]

အမေရိကန်ပြည်သူ့ကျန်းမာရေးအသင်းမှ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးအား Barsky ဆု ပေးအပ်ချီးမြှင့်

အမေရိကန်ပြည်သူ့ကျန်းမာရေးအသင်းမှ ပေးအပ်သော Barsky ဆုကို မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေးတပ်ဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပခဲ့သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်သော အစည်းအဝေးများတက်ရောက်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာ ဇော်ဝေစိုးဖိတ်ကြားခံခဲ့ရပြီး Community Health နှင့်ဆိုင်သည့် ကျန်းမာရေးကိစ္စများဆွေးနွေးခဲ့သေးသည်။ ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးသည် တော်လှန်ရေးနယ်မြေများအတွင်း Community Health Worker မွေးထုတ်ခြင်းသင်တန်းများအား၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးနေသူဖြစ်သည်။ Continue Reading Source link

အမေရိကန်နိုင်ငံ တော်လှန်ဒေပါဝလီပွဲတော်ကို NUG ဝန်ကြီး၊ CRPH ဥက္ကဋ္ဌ နဲ့ သံအမတ်ကြီးတက်ရောက်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ အမ်မာရီလိုမြို့မှာ မြန်မာ ဟိဒ္ဒူ အဖွဲ့အစည်းက ကျင်းပတဲ့ တော်လှန် ဒေပါဝလီဆုတောင်းပွဲကို အောက်တိုဘာ ၂၆ ရက် နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တော်လှန်ဒေပါဝလီ ဆုတောင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ကာ ဆုတောင်းအမှာစကားပြောကြားပြီး လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုများ၊ နိုင်ငံတာနဲ့ လုပ်ဆောင်နေမှုများ၊ လူ့အခွင့်အရေးအခြေအနေများကို အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ Continue Reading Source link