သျှမ်းတောင်၊ ရပ်စောက်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၁၀ ရက်) ညနေပိုင်းက ကျောက်ဂူဒေသကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ တိုက်ခိုက် သဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ပြောသည်။ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်နှင့် ဓနုတပ် (DPLF) တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေရာ ညစဉ် လက်နက်ကြီး ပစ်ခတ်မှု သာမက ဒရုန်းဖြင့် ဗုံးကြဲနေရာက ယမန်နေ့ နံနက်ပိုင်း လက်နက်ကြီး ပစ်ခတ်ပြီး ညနေ ၅ နာရီ ဝန်းကျင် လေကြောင်းဖြင့် ဗုံးကြဲ သဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။ “ရှေ့တပတ်ထဲ ရပ်စောက်မြို့သိမ်း […]
ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့ ဓနုအမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF အကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတဦးသေဆုံး နေအိမ် အဆောက်အဦတွေ ပျက်ဆီးခဲ့တယ်လို့ DPLF ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောပါတယ်။ ရန်ကုန်ဘက်က သတင်းပေးပို့ ထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်ဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက်နဲ့ ရှမ်းတောင်ကို ဆက်သွယ်ရာမှာ အဓိကကျတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စုကျော်က ဗမာပြည်ကွန်မြူနစ်ပါတီ စိုးမိုးလှုပ်ရှားခဲ့တဲ့ ဒေသလို့ ပြောရမှာပါ။ အခုအခါမှာတော့ ဒီဒေသမှာ လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားနေသလို […]