ylliX - Online Advertising Network

စစ်ကောင်စီသံရုံးက ကောက်ယူမယ့်အခွန်ကြေးနဲ့ နာမည်စာရင်းတင်ရန်ကိစ္စအပိုတွေကြောင့် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အခက်ကြုံ

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံကိုရွှေ့ပြောင်းရောက်ရှိလာတဲ့ မြန်မာအလုပ်သမားဦးရေဟာ အလွန်များပြားနေပြီး အများစုရဲ့ အလုပ်လုပ်ခွင့် (work permit) သက်တမ်းဟာ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ကုန်ဆုံးပါတော့မယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဓမ္မအမိန့်တွေကြောင့် ပြည်ပရောက်မြန်မာအလုပ်သမားတွေဟာ မိမိကိုင်ဆောင်ထားတဲ့အထောက်အထားတွေအလျောက် စစ်ကောင်စီကို အခွန်ထမ်းဆောင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ပြည်ပရောက်နေပေမယ့် အခွန်ထမ်းဆောင်ထားခြင်း အထောက်အထားမပြနိုင်ရင် ထိုင်းနိုင်ငံကိုပြန်ဝင်တဲ့အချိန်မှာ တားဆီးခြင်း၊ ပြည်ပရောက်အလုပ်သမား သက်သေခံကတ်မထုတ်ပေးခြင်း၊ ပတ်စပို့သက်တမ်းတိုးချိန် နှင့် ဗီဇာသက်တမ်းတိုးချိန်မှာ ဒုက္ခရောက်စေခြင်း စတဲ့နည်းအမျိုးမျိုးနဲ့ တင်းကျပ်ထားကြပါတယ်။ မကြာခင်မှာ ရွှေ့ပြောင်းမြန်မာတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးရဖို့ ဖြစ်လာခဲ့ပါပြီ။ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ကြေငြာချက်ထွက်လာပြီးနောက်မှာ အလုပ်လုပ်ခွင့် နှင့် ဗီဇာသက်တမ်းတိုးကြမယ့် မြန်မာဦးရေဟာ ၁၇ သိန်းခန့်ရှိတယ်လို့ အထောက်အထားဝန်ဆောင်မှုပေးနေတဲ့ သတင်းရင်းမြစ်တွေထံမှသိရပါတယ်။ ဒီလူဦးရေအကုန်လုံး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ ၂၀၂၅ […]