ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့် သက်တမ်းတိုးပေးသည့်လုပ်ငန်းစဉ်တွင် စစ်ကောင်စီ ဝင်ရောက်အခွန်ကောက်ရန် ကြိုးစားနေခြင်းကို ကန့်ကွက်နေကြသည်ဟု သိရသည်။ ဘန်ကောက်ရှိ စစ်ကောင်စီသံရုံးက အလုပ်သမားဟောင်းတစ်ဦးလျှင် တစ်လ ဘတ် ၁၅၀ နှုန်းဖြင့် နောက်ကြောင်းပြန် အခွန်ကောက်ရန်၊ အမည်စာရင်းတင်လိုသူ အလုပ်သမားသစ်တစ်ဦးလျှင် ဘတ် ၂,၀၀၀ နှုန်းကောက်ရန်စီစဉ်ထားသည်။ သို့သော်လည်း ထိုင်းအစိုးရ ဌာနများ ဝန်ဆောင်မှုပေးနိုင်သည့်အချိန် မလုံလောက်မှုနှင့် အခြားကိစ္စများကြောင့် သံရုံး၏ အစီအစဉ် မရေမရာဖြစ်နေကြောင်း သံရုံးနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနကလည်း သန်းနှင့်ချီသော မြန်မာအလုပ်သမားများကို ၂၀၂၅ ဖေဖော်ဝါရီတွင် အပြီးသတ် သက်တမ်းတိုးရမည်ဖြစ်၍ အခွန်ကောက်၊ အချက်အလက်ယူမည့် လုပ်ငန်းများမလုပ်ကိုင်ရန် စစ်ကောင်စီသံရုံးထံ အကြောင်းကြားထားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ အမျိုးသားညီညွတ်ရေးစိုးရ(NUG) အလုပ်သမားရေး ဒုဝန်ကြီး ဦးကျော်နီကလည်း […]