လာအိုနိုင်ငံတွင်ကျင်းပ ပြုလုပ်နေသည့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အောစတင်နှင့် တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို တရုတ်ကာကွယ်ရေးဝန်ကြီးက လက်မခံငြင်းဆန်လိုက်ရာ ယင်းသို့ ငြင်းဆန်ခြင်းကို စိတ်မကောင်းစရာဖြစ်ရပ်အဖြစ် ပင်တဂွန်အကြီးအကဲက နိုဝင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။ အာရှ နိုင်ငံပေါင်းစုံမှ လုံခြုံရေးအရာရှိများ၏ အစည်းအဝေးအတွင်း အမေရိကနှင့် တရုတ် ကာကွယ်ရေးခေါင်းဆောင်များအကြား ယခင်က တွေ့ဆုံဆွေးနွေးကြလေ့ရှိခဲ့သည်။ သို့ရာတွင် ယခုသီတင်းပတ်၏ အာဆီယံနှင့် အခြားဆွေးနွေးဖက်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးတွင်မူ မစ္စတာ အော်စတင်၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို တရုတ်ဘက်က ငြင်းပယ်ခဲ့သည်။ “ဒါက စိတ်မကောင်းစရာပါပဲ၊ ဒေသတွင်းမှာ အရေးပါတဲ့ အင်အားကြီးတဲ့ နှစ်နိုင်ငံအကြားမှာ တစ်ဖက်နဲ့တစ်ဖက် ပြောဆိုဆွေးနွေးကြတာကို အမှန်တကယ် မြင်တွေ့လိုကြတာကြောင့် ဒေသတွင်းအတွက် ထိခိုက်စေပါတယ်” ဟု မစ္စတာ အော်စတင်က […]