“နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်နှင့် “ဆင်ဖြူတော်” ငွေလွှဲလုပ်ငန်းတို့အား သေနတ်ပြခြိမ်းခြောက်၍ ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်နှင့် ကားတစ်စီး လုယက်မှုကျူးလွန်သူ PDF ၂ ဦးပါ တရားခံ ၅ ဦး ဖမ်းမိ – Myanmar Transparency News Source link
မြန်မာနိုင်ငံရှိ သက်တမ်းရင့်ရေနံမြေများတွင် ခေတ်မီနည်းပညာများအသုံးပြု၍ ရေနံအထွက်တိုးရန် ရုရှားကုမ္ပဏီများနှင့်ပူးပေါင်းဆောင် ရွက်ရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးကိုကိုလွင်နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ် တော်ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန အစည်းအ ဝေးခန်းမ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံရှိ သက်တမ်းရင့်ရေနံမြေ များတွင် ခေတ်မီနည်းပညာများအသုံးပြု၍ ရေနံအထွက်တိုးရေးလုပ်ငန်းများကို ရုရှားကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံရေးတို့အား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံ၏ အ ချက်အချာကျမှုကိုအသုံးချ၍ LNG တင်သွင်းဖြန့်ဖြူးနိုင်မည့်အလားအလာနှင့် လက်ရှိတည် ဆောက်ပြီး ပိုက်လိုင်းကွန်ရက်အားအသုံးပြု၍ LNG ကုန်သွယ်ရေးဆောင်ရွက်နိုင်ရေး၊ […]
နိုင်ငံတွင်း တိုက်ပွဲများကြောင့် ကုန်သွယ်စီးပွားလုပ်ငန်းနှင့် စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ကာ ရခိုင်ပြည်နယ် အတွင်း အငတ်ဘေးကျရောက်တော့မည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာ ၇ ရက်နေ့တွင် သတိပေးလိုက်သည်။ “ရခိုင်ပြည်နယ်၏ စီးပွားရေး ရပ်တန့်သွားပြီဖြစ်သည်” ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထိုနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ လတ်တလော ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ခြင်း မရှိပါက ၂၀၂၅ နှစ်လယ်ပိုင်းတွင် အငတ်ဘေးသင့်နိုင် သည် ဟု ထိုအစီရင်ခံစာက ဆိုသည်။ အငတ်ဘေးဆိုက်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသူ ၂ သန်းခန့် ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ဆို့ထားခြင်း၊ တိုက်ပွဲများ ဖြစ်ပွားနေခြင်းအပြင် ရခိုင်ပြည်နယ်တွင် နေထိုင်သူများသည် “ဝင်ငွေမရှိ၊ ငွေဖောင်းပွ၊ ဒေသတွင်း အစားအစာထုတ်လုပ်နိုင်မှု သိသိသာသာ လျော့ကျလာခြင်း”နှင့် ကြုံတွေ့နေရသည်ဟုလည်း […]
ဗဟိုဘဏ်မှ ဒေါ်လာ ၁၅ သန်း၊ ထိုင်းဘတ်သန်း ၁၀၀ ကျော်နှင့် တရုတ်ယွမ် ၁ သန်းခွဲ ထပ်မံထုတ်ရောင်း၍ သုံးလကျော်အတွင်း ဒေါ်လာ ၂၅၆ သန်းကျော်နှင့် ထိုင်းဘတ် ၁ ဘီလျံကျော်အထိ ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာ ၄ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာအပြင် သွင်းကုန်အဓိက တင်သွင်းနေသည့် ထိုင်းနှင့် တရုတ်နိုင်ငံများနှင့် တိုက်ရိုက်ငွေပေးချေနိုင်မှု စနစ်ကိုပါ ဆောင်ရွက်ခဲ့ပြီး ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကိုပါ ထုတ်ရောင်းပေးခဲ့သည်။ ထိုသို့ ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ ၁ […]