တရုတ်နိုင်ငံ၏ အကြီးဆုံးနှင့် ကမ္ဘာ့တတိယမြောက် အရှည်ဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်၏ မြစ်မကြီးတစ်လျှောက်ရှိ ဆိပ်ကမ်းများက တရုတ်နိုင်ငံ စီးပွားရေးကြံ့ကြံ့ခံနိုင်မှု အခြေအနေကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကုန်စည်တန်ချိန် ၄.၀၂ ဘီလီယံအထိ စံချိန်တင်လက်ခံဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားသည်။ ယင်းပမာဏမှာ ရံဖန်ရံခါ တရုတ်နိုင်ငံ၏ “ရွှေရောင် သင်္ဘောတင်ပို့မှုလမ်းကြောင်း” ဟု ခေါ်ဝေါ်ကြသည့် အရှေ့-အနောက် ကုန်းတွင်းရေလမ်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စုပေါင်းကုန်စည်လက်ခံဆောင်ရွက်မှု တန်ချိန် ၄ ဘီလီယံ ကျော်လွန်လာခြင်းလည်း ဖြစ်သည်။ယခုအခါ ယန်ဇီမြစ်တွင် အဓိကဆိပ်ကမ်း ၁၆ ခုရှိလာပြီဖြစ်ကာ နှစ်စဉ် ကုန်စည်လက်ခံဆောင်ရွက်နိုင်မှုပမာဏ တန်ချိန် သန်း ၁၀၀ ကျော် အသီးသီးရှိကြောင်း သိရသည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZY8 ………………………..(English Version)Yangtze River cargo throughput to […]