Art by STD လေအား လျှပ်စစ် ကပ္ပိ (မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၅ လက်ရှိကာလ ဂြိုလ်တုဓာတ်ပုံများအရ ကမ္ဘာမြေကိုကြည့်လေသောအခါ ကွက်၍ မှောင်မည်းနေသည့်နေရာတစ်ခုကို တွေ့ကြရပါ၏။ ထိုနေရာသည်ကား အခြားမဟုတ်၊ ဇမ္ဗ ူဒီပါ လက်ျာ တောင်ကျွန်း နိမိတ်ထွန်းခဲ့သည့် အာရှတိုက် အရှေ့တောင်အရပ်မှ အလွန်တစ်ရာ ကြွယ်ဝခဲ့သည့် နိုင်ငံတစ်ခုပင်တည်း။ အစစအရာရာ အဆင်ပြေချောမွေ့နေပြီး နိုင်ငံသားတို့ပျော်ရွှင်နေချိန်မှာ မာရ်နတ်မင်း၏ သား တော်၊ အဇာတသတ်၏ညီ၊ အာဠာဝက၏တူဖြစ်သူ ပုပြတ်ပြတ်စုတ်ချာချာ လူစဉ်မမီ ဝမ်းတွင်း ရူးတစ်ယောက် ခွေးတိုးပေါက်မှ ဝင်လာကာ ပလ္လင်ပေါ်တက်ချိန်မှစ၍ ထိုတိုင်းပြည်ကြီး စုတ်ချာကာ မှောင်အတိ ကျသွားခြင်းပေတည်း။ ပလ္လင်ပေါ်ရောက်သည်နှင့်တပြိုင်နက် စိတ်ထဲထင်ရာမြင်ရာတွေကို အာဘရိတ်ပေါက်ကာ ပြောဆိုခဲ့သည်မှာ များလှပါဘိတောင်း။ လျှပ်စစ်ရထားတွေ လုပ်ပေးမည်၊ လျှပ်စစ်ကားတွေ […]