ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် တာဝန်ရှိသူများအယောင်ဆောင်၍ ဖုန်းနှင့်ငွေ ကြေးများခြောက်လှန့်တောင်းယူသူ(၈)ဦးကို နို ဝင်ဘာ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံ ရေးအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာ ဝန်ရှိသူများအယောင်ဆောင်၍ နေအိမ်များအ တွင်းဝင်ရောက်ကာ ဧည့်စာရင်းစစ်မည်ဟုပြော ဆိုပြီး ဖုန်းနှင့်ငွေကြေးများခြောက်လှန့်တောင်းယူမှုများရှိနေသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဇော်ဖြိုးလွင်(ခ)တာလေ(၂၈)နှစ်၊ သီဟ(၄၄)နှစ်၊ မိုး နှင်းလျှံ(ခ)ဘဦး(၃၀)နှစ်၊ မျိုးဦး(ခ)ဝေယံ(၃၁) နှစ်၊ သိန်းထိုက်အောင်(ခ)အရှည်ကြီး(၂၇)နှစ်၊ ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်(၃၄)နှစ်၊ ခင်မောင်ထိုက်(ခ)ကုလား(၂၅)နှစ်၊ မျိုးမင်းထက် (၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်စဥ်ကအသုံးပြုသည့် Alphard (အဖြူရောင်)ကား၊ M16 ပုံစံတူ (Air Gun) ၁ လက်၊ ပစ္စတိုသေနတ်အတို(Air Gun) ၁ လက်၊ […]