ylliX - Online Advertising Network

ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ် – iMyanmarHouse.com

ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Tregastel အရပ်ရှိ ပန်းရောင် နှမ်းဖတ်ကျောက် ကျောက်ဆောင်ကြီး များနှင့် သဲသောင်ကမ်းခြေတို့က ကမ္ဘာလှည့်ခရီးသွားများကို ဖမ်းစားထားသည်။ အကယ်၍ သင့်အနေဖြင့် အဆိုပါ ဒေသတွင် ခြေချရာနေရာတစ်ခု ရှာဖွေနေသည်ဆိုပါက ဖိတ်ဖိတ်လက် နေသော စိမ်းပြာရောင် ရေပြင်တို့က ကျောက်ဆောင်ထူသော ကမ်းခြေတို့ကို ရိုက်ပုတ်လျက်ရှိနေသည့် ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်မှ ၁၉ ရာစု ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေမှု ရှိသည်။ အရောင်းဈေးကွက်တင်ပေးသူမှာ Sotheby’s International Realty အိမ်ခြံမြေကုမ္ပဏီမှ Peter Bos ဖြစ်သည်။ ရဲတိုက်ကြီးကို Chateau de Costaeres ဟု အမည်ပေးထားပြီး နီယိုး ဂေါ့သစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ Ploumanac’h တံငါရွာလေးအနီးတွင် တည်ရှိပြီး […]