ကျောက်နီမော်ဒေသတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ ရန်ကုန်၊ ဒီဇင်ဘာ ၂၇ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ဒေသတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြိုန့ယ်၊ ကျောက်နီမော်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိတွေ့ တိုက်ပွဲများသည် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် […]
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ည ၉ နာရီဝန်းကျင်တွင် စစ်လေယာဉ်က ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာ ၂ ရွာကို ဗုံးကြဲခဲ့စဉ် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မြစ်အထက်ပိုင်း ကျောက်လှေကားရွာကို ၄ ကြိမ် ၊ ထိုမှ မိုင် ၃၀ ခန့်အကွာ မြစ်အောက်ပိုင်းရှိ နတ်ကြီးရွာကို ၅ ကြိမ် ဗုံးကြဲခဲ့ရာ ပေါက်ကွဲမှုများကြောင့် ကျောက်လှေကားရွာတွင် ဒေသခံ ၅ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရကြသည်။ သေဆုံးသူများမှာ ကျောက်လှေကားရွာခံများဖြစ်သော အသက် ၄၈ နှစ်အရွယ် မနွဲ့နွဲ့ဝင်း၊ အသက် ၃၆ […]
မတ္တရာမြို့နယ်ရှိ မြစ်ကမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာ ၁၅ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မြစ်ကမ်းတစ်လျှောက်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ မတ္တရာမြို့နယ်၊ ရှင်လှအလယ်ရွာ နှင့် မင်းကွန်းဘက်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ စစ်ကြောင်း ထိုးလာသောကြောင့် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် မြစ်ကမ်းတစ်လျှောက်တွင် တိုက်ပွဲများ […]