တာလေ၊ ဇန်နဝါရီ ၁၂ လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ များနှင့်အညီ ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို မိမိတို့ နေထိုင်ရာ တောင်ပေါ်၊ မြေပြန့် ဒေသအလိုက် နှစ်စဉ်အစဉ်အလာ မပျက် ကျင်းပပြုလုပ်ရာ လားဟူ နှစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု မော်ဝန်းရွာ ၌ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။ နှစ်သစ်ကူးပွဲကို မော်ဝန်းကျေးရွာ တွင် ကျင်းပရာ မိုင်းကိုးကျေးရွာ အုပ်စုရှိ နမ့်တွန်၊ မေတီ၊ နမ့်မွမ်း၊ ပါဆန်းနှင့် အောက်ကဘကျေးရွာ အတွင်းရှိ တောင်ပေါ်နှင့် ကျေးရွာ အသီးသီးတွင်နေထိုင်သောလားဟူ တိုင်းရင်းသား လူငယ်မောင်မယ်အကအဖွဲ့များက အဖွဲ့လိုက် ရှေးရိုးရာ ဘူးပလွေမြေဝိုင်းအက များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကျေးရွာလူငယ်မောင်မယ်များက သက်ကြီးဝါကြီးနှင့် အကြည်ညိုခံ ပုဂ္ဂိုလ်တို့အား […]