ကလေးလေးတွေကို ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ကြဖို့ ပြောနေကြပေမယ့် တကယ်ကို ကောင်းမွန်စွာ ပျိုးထောင်မိတဲ့ မိဘတွေက အရေအတွက်အားဖြင့်တော်တော်လေး နည်းနေကြပါသေးတယ်။ အချို့သူတွေ အလုပ်ခွင်တွေမှာ ဖြစ်ဖြစ် ကိုယ်ပိုင်ဘဝရဲ့ လက်တွဲဖော်တွေနဲ့ဖြစ်ဖြစ် မိတ်တွေသူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အဆင်မပြေကြတဲ့အခါ အကြောင်းအရင်းကို သေချာပြန်စစ်ကြည့်ရင် ရလာတဲ့ အဖြေ တော်တော် များများက ငယ်စဉ်ဘဝမှာ ကောင်းမွန်မှန်ကန်တဲ့ ပျိုးထောင်မှု မရခဲ့လို့ဆိုတဲ့ အဖြေပဲ ထွက်လာတာ များပါတယ်။ ငယ်စဉ်မှာ ကောင်းစွာ ပျိုးထောင်မခံရတဲ့သူတွေဟာ အရွယ်ရောက်လာချိန်မှာ လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းကြသလို အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာလည်း အောင်မြင်မှု ရနိုင်ခြေ အတော်လေး နည်းကြပါတယ်။ ငယ်စဉ်မှာ ကောင်းမွန်စွာ ပျိုးထောင်မခံရသူတွေက ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားမယ်နော်။ လက်ဦးဆရာပီသမှုက ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် အရေးကြီးပါတယ် […]