ပေါက်ပေါက် နှစ်တစ်နှစ်ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပါပြီ။ ပုထုဇဉ်လူသားပီပီ နှစ်ဟောင်းမှာ တွေ့ကြုံခဲ့ရတဲ့ လောကဓံတရားတွေကို ခံစားခဲ့ကြပြီးပြီမို့ အတိတ်ကိုအရိပ်မှာထားခဲ့ရင်း ဒီလောကဓံတွေကို နည်းနမူနာယူ၍ အမြတ်ထုတ်ကာ မကြာခင်ရောက်ရှိလာတော့မယ့် နှစ်သစ်မှာအကောင်းဆုံး ဖြတ်သန်းကြပါစို့လားရှင်။ လူတချို့က နှစ်သစ်ကူးညမှာ ချစ်ခင်ရတဲ့မိသားစု သို့မဟုတ် ချစ်မိတ်ဆွေသူငယ်ချင်းများနဲ့ တပျော်တပါး မိတ်ဆုံစားကာ နှစ်သစ်အခါသမယကို ကြိုဆိုကြရင်း၊ “Happy New Year” လို့ သံပြိုင်အော်ဟစ်လက်ခုပ်တီးကြိုဆိုကြသလို လူအချို့ကလည်း ပရိတ်၊ ပဋ္ဌာန်းစသဖြင့် ဘုရားစာတွေ ရွတ်ဖတ်ပွားများကာ မေတ္တာပို့သရင်းနဲ့ နှစ်သစ်ကိုကြိုဆိုကြပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း “Happy New Year” လို့ အပြန်အလှန်နှုတ်ခွန်းဆက်သကြပါတယ်။ မြန်မာလူမျိုးအများစုကတော့ ရိုးရာအစဉ်အလာအရ နှစ်ဟောင်းမှ အညစ်အကြေးတွေ နှစ်သစ်သို့မပါသွားအောင် ထိုနေ့မှာ ခေါင်းဆေး ခေါင်းလျှော်ကြသလို ခြင်ထောင်၊ အိပ်ရာခင်း၊ စောင်၊ ခန်းဆီးလိုက်ကာ၊ […]