မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလိုက်ပြီး နောက် လားရှိုးမြို့က တရုတ်နိုင်ငံသား ရာနဲ့ချီကိုလည်း MNDAA က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။ နိုဝင်ဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး လက်ရှိအချိန်အထိ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ “MNDAA ချက်ချင်းကလဲ့စား ချေလိုက်ပြီ ကိုးကန့်ခေါင်းဆောင် အဖမ်းခံရပြီးနောက် လာရှို့မြို့ပေါ်ရှိ တရုတ်နိုင်ငံသား ရာနဲ့ချီ MNDAA ဖမ်းဆီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ […]
မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNDAA ခေါင်းဆောင်ဖုန်တာရွှင်ကို ဖမ်းဆီးထိန်းသိမ်းထားတာမဟုတ်ဘဲ တရုတ်-မြန်မာနယ်စပ် ယူနန်မှာ ဆေးကုသမှုခံယူနေခြင်းသာဖြစ်တယ်လို့ တရုတ်ဘက်က ဖြေရှင်းလာပါတယ်။နိုဝင်ဘာ ၁၈ရက်မှာ Myanmae Now သတင်းဌာနက ကိုးကန့်ခေါင်းဆောင်ကို တရုတ်အစိုးရက အကျယ်ချုပ်ထိန်းသိမ်းထားကြောင်း ဖော်ပြခဲ့ပြီးနောက် မနေ့က နိုဝင်ဘာ ၁၉ရက်မှာ ပေကျင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ဘက်က ဖြေရှင်းပြောဆိုလာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရအရာရှိ Lin Jian က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ်ထိန်းသိမ်းလိုက်သည်ဆိုသည်မှာ မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်ပြီး ဆေးကုသခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် တရုတ်ဘက်သို့လာရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြန်လည်သက်သာလာပြီဖြစ်ကြောင်း ပြောပါတယ်။တရုတ်နိုင်ငံဟာ စစ်ကောင်စီကို ပြတ်ပြတ်သားသားထောက်ရပ်တည်ကြောင်း နိုဝင်ဘာလဆန်းပိုင်းက မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရောက်စဉ်အတွင်း ပြောဆိုလိုက်တယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ နေပြည်တော် အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးမှာ ထုတ်ပြောလာပါတယ်။ […]
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၂၄ MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ချထားတဲ့ တရုတ်အစိုးရ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်နယ်က MNDAA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ထိပ်ဆုံးခေါင်းဆောင်ဖြစ်သူ ဖုန်တာရွှင်ကို မြန်မာနိုင်ငံထဲက ကိုးကန့်နယ်ထဲ တရုတ်နိုင်ငံ အစိုးရကပြန်လာခွင့် မပေးတဲ့ အဖြစ်အပျက်က နိုဝင်ဘာလလယ်မှာ သတင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ အခုလို ထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းဌာနတွေ တခုနဲ့တခု မတူကွဲပြားတဲ့ဖေါ်ပြချက်တွေ ဖေါ်ပြနေကြတာတွေ့ရပါတယ်။ အချို့သတင်းဌာနက ဖမ်းဆီးထားတယ်လို့ ရေးသားကြသလို အချို့က တော့ ဖမ်းဆီးတာမဟုတ်ကြောင်း ကိုးကန့်နယ်ကို ပေးမပြန်တာဆိုတဲ့ သဘောမျိုးရေးသားတာလည်း တွေ့ရပါတယ်။ တချို့သတင်းဌာနတော့ အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး လားရှိုးကနေ တပ်ပြန်ဆုတ်ဖို့ ဖိအားပေးတယ်လို့ လည်းရေးသား […]