တရုတ်အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင် ခွင့်ပြု ရန်ကုန်၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ အစိုးရ ညွှန်ကြားချက်အရ ဝ ပြည်နယ်မှနေ၍ ကိုးကန့်ဒေသကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံး က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ကိုးကန့်ဒေသနှင့် ဝ ပြည်နယ် ဟိုပန်ကို ဆက်သွယ်ထားသော ဖောင်ဆိပ် တံတားပေါ်ရှိ မော်တော်ယာဉ်၊ လူနှင့် ကုန်စည်များကို ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ရန် ခွင့်ပြုလိုက်ပြီး တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ ဆိုင်ရာရုံးမှ အကြောင်းကြားစာ ရရှိခဲ့ကြောင်း […]
နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆) ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အဖွဲ့ (၁၈) ဖွဲ့ရှိပြီး ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ပါတီတည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပ ဒေ (၇) နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်သည်။ ယနေ့အထိ […]
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင်များသည် အလုပ်အကိုင်မရှိခြင်း၊ အလှူရှင်များမရှိသည့်အတွက် ဝမ်းရေးကို ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေကြကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့ စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ကြောင့် ညောင်ရွှေမြို့သို့ စစ်ရှောင် တစ်ထောင်ဝန်းကျင်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ထွက်ပြေး တိမ်းရှောင်လာကြရ ကြောင်းသို့ရသည်။ ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် တစ်ထောင်ဝန်ကျင် သည် အလုပ်ကိုင်ရှားပါးခြင်းများကို ကြုံတွေ့နေပြီး အလှူရှင်မရှိသည့် အတွက်ကြောင့် စားနပ်ရိက္ခာများကို ချေးငှား၍ စားသုံးနေရကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။ “အလုပ်ကလည်းမရှိဘူး။ အရမ်းပါးတယ်။အလုပ်က မရှိတာပဲများပါတယ်။ တကယ်ကို အရမ်း အကူညီလိုအပ်နေပါတယ်။ မြို့နဲ့အလှမ်းဝေးတော့ ခက်တယ်။အကုန်လုံးက တနေ့လုပ်တနေ့စားတွေ ကြီးပဲလေ။ သွားဖို့လာဖို့ ခက်တော့ လာလှူတဲ့လူလည်းမရှိဘူး။အခုကတော့ ရွာကလူကို ချေးငှား စားပြီး […]
အရည်အသွေးကောင်း ပတ္တမြားထွက်ရှိရာ မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မြို့နယ်အတွင်း ကျောက်မျက်လုပ်ကွက်ငယ်များကို လုပ်ကိုင်ခွင့်ပြုထားသည်ဟု စုံစမ်းသိရှိရသည်။ တစ်ချိန်က စစ်တပ်နှင့် အပေါင်းအပါများ လက်ဝါးကြီးအုပ်ခဲ့သည့် အကြီးစား ကျောက်မျက်လုပ်ကွက် လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားကြောင်း၊ အသေးစားလုပ်ကွက်များကိုမူ စက်တင်ဘာလမှစတင်ကာ ခွင့်ပြုပေးနေကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက Myanmar Now ကို ပြောသည်။ “အသေးစားတွေ၊ ပြီးတော့ လက်လုပ်လက်စားပေါ့၊ အဓိကက စားဝတ်နေရေးတွေ ပြေလည်နိုင်ဖို့ ကျွန်မတို့က ဖွင့်ပေးထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ အသေးစား တူးဖော်ခွင့်ရသူများသည် TNLA က သတ်မှတ်သည့် အခွန်နှုန်းထားကို ပေးဆောင်ရမည်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု လွေးယေဦးက ပြောသည်။ လက်ရှိ […]