ylliX - Online Advertising Network

ခေတ်သစ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အလေးပေးဆောင်ရွက်လာကြပြီဟု စစ်ခေါင်းဆောင်ပြော

ခေတ်သစ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာ ကြပြီဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၂ ရက်) တွင် ပြင်ဦးလွင်မြို့၌ ကျင်းပပြုလုပ်သော ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် အထက်ပါအတိုင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းက “ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်ရင် အဆင့်မြင့်နည်းပညာများကို အသုံးပြုပြီး အီးလက်ထရောနစ် စစ်ဆင်ရေးနှင့် သတင်းအချက်အလက် စစ်ဆင်ရေးများကို ထိရောက်စွာ ပုံဖော်တိုက်ခိုက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ကြောင့် မျက်မှောက်ခေတ်စစ်ပွဲများတွင် စစ်ဘက်ခေါင်းဆောင်များအနေဖြင့် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာကြပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒချမှတ်ရာတွင်လည်း နည်းပညာ၏အခန်းကဏ္ဍသည် အလွန်အရေးပါသည့် အနေအထားကို ရောက်ရှိလာပြီဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။ ထိုသို့ ပြောင်းလဲတိုးတက်နေသည့် […]