မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊ ငွေကြည်တော်ကုန်း ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၃၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ပြောင်းရွှေ့ခိုင်းနေပြီး မပြောင်းလျှင် ဖျက်ဆီးမည်ဟု စစ်တပ်နှင့်စည်ပင်က ခြိမ်းခြောက် ရန်ကုန်၊ ဇန်နဝါရီ ၂၁ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်၊ အကွက်အမှတ် ၅၁၆ – က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ – ခ အတွင်းရှိ ပြည်သူ့နေအိမ် ၃၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီး မည်ဟု စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနက ခြိမ်းခြောက်နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ နောက်ဆုံးထားက ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်၊ အကွက် အမှတ် ၅၁၆ […]
BRICS နိုင်ငံများ ဒေါ်လာအစားထိုးငွေကြေးဖန်တီးလာလျှင် သွင်းကုန်စည်းကြပ်ခွန်ပြဌာန်းမည်ဟု ဒေါ်နယ်ထရန့် ခြိမ်းခြောက် – Myanmar Transparency News Source link
သျှမ်းပြည် မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည် ၂ နှစ် မဖြစ်မနေစစ်မှုထမ်းရမည်ဟု နိုဝင်ဘာလ ၂၀ ရက် က ပြုလုပ်သည့် အစည်းအဝေးအတွင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သည်။ “အခုက လူငှားလည်း မယူရတော့ဘူး။ ကိုယ်တိုင် သွားရမယ်တဲ့။ လူစာရင်းတွေက ထွေအုပ်မှာ အကုန်ရှိပြီးသားမို့ ဘယ်သူကံကောင်းမလဲတော့ မသိတော့ဘူးဗျာ။ ထွက်ပြေးရင်လည်း ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောထားတယ်။ ညဘက်အပြင်ထွက်လို့ ဖမ်းသွားရင်လည်း တာဝန်မယူဘူးလို့ ပြတ်ပြတ်သားသားပြောထားတယ်” ဟု […]
ပျက်ကျခဲ့သည့် တောင်ကိုးရီးယား စစ်ဘက်ဆိုင်ရာ မောင်းသူမဲ့လေယာဉ်၏ အပိုင်းအစများကို တွေ့ရှိခဲ့ကြောင်း မြောက်ကိုရီးယားက စနေနေ့တွင် ပြောကြားခဲ့ပြီး ကျွန်းဆွယ်တွင် တင်းမာမှုများ ပိုမိုပြင်းထန်လာကာ လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ပြုံယမ်း၏ အစိုးရပိုင် သတင်းဌာန KCNA ၏ အဆိုအရ UAV သည် မြို့တော်ကို လက်ကမ်းစာစောင်များ ကြဲချရန် အသုံးပြုဖွယ်ရှိသည်။ အလားတူ ဒရုန်းများသည် ယခုလအစောပိုင်းတွင် “နိုင်ငံရေးဝါဒဖြန့်ခြင်းနှင့် ဆဲရေးခြင်း” များ ပါဝင်သည့် လက်ကမ်းစာစောင်များကို တွေ့ရှိခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ “တကယ်လို့ မြောက်ကိုရီးယားရဲ့ ပိုင်နက်မြေပြင်၊ ဝေဟင်နဲ့ ရေပြင်ကို ကိုရီးယားစစ်တပ်က ရှာဖွေတွေ့ရှိပြီး ထပ်မံအတည်ပြုမယ်ဆိုရင် ဒါဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ဆန့်ကျင်တဲ့ ပြင်းထန်တဲ့ စစ်ရေးအရ ရန်စမှုတစ်ခုအဖြစ် မှတ်ယူမှာဖြစ်ပြီး စစ်ကြေညာပြီး ချက်ချင်းလက်တုံ့ပြန်တိုက်ခိုက်သွားမှာ […]