စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ရှိ ဂျပန်လှိုဏ်ဂူကုန်း စခန်း ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခံနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။အဲ့ဒိစခန်းဟာ အင်းတော်မြို့မှာ သိမ်းပိုက်ဖို့ နောက်ဆုံးကျန်နေတဲ့ စခန်း ၂ခုအနက် ၁ခုဖြစ်ပြီး ဒီဇင် ဘာလ ၁၁ ရက် ညနေပိုင်းကစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ မြို့မရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေနဲ့ စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ခဲ့ပြီး ဂျပန်လှိုဏ်ဂူကုန်းနဲ့ မြို့မဘုန်းကြီး ကျောင်းသာကျန်ရှိနေတာဖြစ်ပါတယ်။ဂျပန်တွေ မြေအောက်ဆေးရုံအဖြစ် အသုံးပြုခဲ့ဖူးတဲ့ နောက်ဆုံးလက်ကျန်စခန်း ဂျပန်လှိုဏ်ဂူကုန်းနဲ့ မြို့မဘုန်းကြီး ကျောင်းဟာ တောင်ကုန်းပေါ်မှာ တည်ရှိပြီး လှိုဏ်ခေါင်းတွေလည်း ရှိနေတာကြောင့် စစ်အုပ်စုဟာ အဲဒီနေရာတွေကနေ လက်နက်အင်အားဖြည့်တင်းကာ အခိုင်အမာအထိုင်ချပြီး ခုခံနေတာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေက […]