ylliX - Online Advertising Network

စစ်ကောင်စီအမိန့်အောက်မှာ ကရင့်လက်နက်ကိုင်တပ်များတည်ရှိနေပြီး နိုင်ငံတကာရဲ့အရေးယူမှုတွေကိုလည်း ဂရုမစိုက်ကြောင်း တုံ့ပြန်လိုက်ပါတယ်

စစ်ကောင်စီလက်အောက်ခံအဖြစ်တည်ရှိနေပြီး ရပ်တည်ချက်မပြတ်သားတဲ့ တပ်ဖွဲ့များဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ရဲ့ထိန်းချုပ်မှုအောက်မှာ အမိန့်ပေးခံနေရပါတယ်။ မြဝတီတွင်တိုက်ပွဲပြင်းထန်ခဲ့စဉ်က လူသိများတဲ့ BGF တပ်ဟာ KNA အဖြစ် အမည်ပြောင်းလဲခဲ့ပြီး စစ်ကောင်စီလက်အောက်မှ ခွဲထွက်မယ်လို့ ကြေငြာခဲ့ဖူးပါတယ်။လက်ရှိမှာတော့ ၄င်းတို့စီးပွားရေးလုပ်ငန်းများ တည်ငြိမ်ရေးကိုသာ အာရုံစိုက်နေကြတာ တွေ့ရပါတယ်။ BGF , DKBA , PC စတဲ့အဖွဲ့တွေဟာ အနှစ်သာရမရှိတော့တဲ့ NCA ခေါင်းစဉ်အောက်မှာ စစ်ကောင်စီနဲ့ ပလဲနံသင့် ဖြစ်နေဆဲတွေ့ရပါတယ်။ စစ်ရေးနိုင်ငံရေး ရပ်တည်ချက်မထင်ရှားဘဲ ဖွဲ့စည်းထားတဲ့ အဆိုပါကရင်တပ်များဟာ စစ်ကောင်စီအမိန့်အောက်မှာ ရှိနေဆဲဖြစ်ပြီး တဖက်မှာလည်း ၄င်းတို့ရဲ့တပ်အင်အားကို လစာနှင့်အခွင့်အရေးများပေးပြီး အင်အားတည်ဆောက်နေကြပါတယ်။ဒေသတွင်း နီးနီးကပ်ကပ်လည်းရှိကြတဲ့ အမည်အမျိုးမျိုးနဲ့တပ်တွေဟာ ဟိုဘက်ဒီဘက် တပ်ကူးဘက်ပြောင်းမှုတွေလည်း အမြဲဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအချိန်မှာပဲအရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) သတင်းရင်းမြစ်တွေအရ အဖွဲ့ကူးအဖွဲ့ပြောင်းကိစ္စကို ခွင့်မပြုတဲ့အကြောင်း စစ်ကောင်စီညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။ နယ်ခြားစောင့်တပ် […]