အစ္စရေး စစ်တပ်ကတော့ ဒီဆေးရုံနားမှာ ရှိနေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး လုပ်ခဲ့ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီဆေးရုံဟာ အကြမ်းဖက်အဖွဲ့တွေ အဓိက အခိုင်အမာ ခြေကုပ်ယူထားတဲ့ နေရာ ဖြစ်လာပြီး အဲဒီမှာ အကြမ်းဖက် လှုပ်ရှား သူတွေ ဆက်လက်ပုန်းခို နေတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ၂၀၂၃ အောက်တိုဘာ အစ္စရေး- ဟားမတ်စ် စစ်ပွဲ စတင်ချိန်ကစပြီး ဟားမတ်စ် တွေဟာ အစ္စရေးတပ်တွေကို တိုက်ခိုက်ရာမှာ ဆေးရုံတွေကို ဟားမတ်စ်ကွပ်ကဲရေး စခန်းတွေ အဖြစ် အသုံးချနေတယ်လို့ အစ္စရေးစစ်တပ်က မကြာခဏ စွပ်စွဲလေ့ရှိ ပါတယ်။ ဟားမတ်စ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ အစ္စရေးစစ်တပ် ကတော့ အသေးစိတ် အချက်လက်တွေ ထည့် မပြောပဲ၊ သူတို့ဟာ […]
အီရန်က စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီရန်သတင်း မီဒီယာတွေမှာလည်း အီရန်မြို့တော် တဟီရန်နဲ့ အနားက Karaj မြို့တွေမှာ စနေမနက် အစောပိုင်းက ပေါက်ကွဲသံ အတော်တော်များများ ကြားရတယ်လို့ ဖေါ်ပြထားပါတယ်။ အစ္စရေး ကာကွယ်ရေးဌာနက သူတို့ဟာ အီရန်က စစ်ရေးပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တယ်လို့ လူမှုမီဒီယာ X မှာ တင်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ အီရန်က အာဏာရှင်နဲ့ ဒေသတွင်းက သူ့အပေါင်းအပါတွေဟာ အောက်တိုဘာ ၇ ရက်ကစလို့ အစ္စရေးကို မနားတမ်း တိုက်ခိုက်နေတာ ဖြစ်ပြီး၊ အီရန်ကနေ တိုက်ရိုက် ပစ်ခတ်တာအပါအဝင် နေရာ ၇ နေရာကနေ တိုက်ခိုက်နေကြောင်း၊ အစ္စရေးဟာ ကမ္ဘာတလွှား အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းရဲ့ ရပိုင်ခွင့်နဲ့ တုံ့ပြန်ရမယ့် […]