မာမာဒီနေ့တော့ က ကတစ်ငါးလေးတွေ ဝယ်လာပြီး ငါးဆားနယ်လေးလုပ်ကာ အချဉ်ဆီလည်ရေလည်ဟင်းလေး ချက်ဖြစ်ပါတယ်။ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးဆားနယ် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ပါ၀င်ပစ္စည်းများ က ကတစ်ငါး – တစ်ကောင် (တစ်ကီလိုခန့်) ဆား – ထမင်းစားဇွန်း သုံးဇွန်း (ငါးဆားနယ်လုပ်ရန်) ကြက်သွန်နီ – အနေတော် တစ်ဥ ကြက်သွန်ဖြူ – အမွှာကြီးကြီး နှစ်မွှာ ချင်း – လက်တစ်ဆစ်ခန့် ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက် ( ဟင်းချက်ရန်) အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ငါးငံပြာရည် – […]