စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာဧက (၂)သောင်းနီးပါး စိုက်ပျိုးထားကြောင်း ဘုတလင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ဘုတလင်မြို့နယ်တွင် စပ်မျိုး-၁၊ ဆင်းရွှေကြာ၂၊ နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များဖြင့်စိုက်ပျိုးထားခြင်းဖြစ်သည်။ “တောင်သူလယ်သမားတွေ ဆောင်းသီးနှံ နေကြာ စိုက်ပျိုးရာသီမှာ သီးနှံ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ၊သွင်းအားစု၊ သီးနှံမျိုးစေ့ ပေးအပ်တာတွေကို စစ်ကိုင်း တိုင်းဒေသကြီးစိုက် ပျိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေကကူညီဆောင်ရွက်လျက်ရှိပါတယ်”ဟု ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ စိုက်ပျိုးထားသော နေကြာများ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဘုတလင်မြို့နယ်တွင် နေကြာများကို အောက်တိုဘာ (၁) ရက်မှ စတင်စိုက်ပျိုုးခဲ့ရာ ယနေ့ အချိန်အထိ […]
တနင်္သာရီတိုင်းဒေသကြီးအတွင်း နှစ်ရှည်ဆီထွက်သီးနှံဆီ အုန်းကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး စိုက်ဧကအနေဖြင့် (၄) သိန်းကျော်ရှိပြီဖြစ်ကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။ ဆီအုန်းသည် နှစ်ရှည်သီးနှံဖြစ်၍ နှစ်ပေါင်း (၃၀)အတွင်း စီးပွားဖြစ်ထုတ်လုပ်နိုင်ပြီး မြန်မာနိုင်ငံတွင် ဆီအုန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်းတွင်သာ စိုက်ပျိုးဖြစ်ထွန်းကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ဧကအနေဖြင့် တစ်တိုင်းလုံးတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ (၃၉၅၇၇၂) ဧကရှိပြီး မြိတ်ခရိုင်အတွင်းမှာ (၆၁၀၃၈)ဧက စိုက်ပျိုးထားကြောင်း သိရသည်။ ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ဧက ပေါင်း (၃၉၅၇၇၂) ဧကရှိပြီး ဆီကြမ်းစက်ရုံများမှာ ထားဝယ်ခရိုင်တွင် (၁)ခု၊ မြိတ်ခရိုင်တွင်(၁)ခု၊ ဘုတ်ပြင်းခရိုင်တွ င်(၂)ခုနှင့် ကော့သောင်းခရိုင်တွင် (၂)ခု စုစုပေါင်း ဆီကြမ်းစက်ရုံ (၆)ခုသာရှိကြောင်း သိရသည်။ […]