ylliX - Online Advertising Network

စင်ကာပူဒေါ်လာ ၈၇၀၀၀၀ ကြွယ်ဝချမ်းသာပေမဲ့ ကူပွန်တွေနဲ့အခမဲ့ငွေပေးချေမှုတွေအပေါ်မှာပဲ မှီခိုစားသောက်နေထိုင်တဲ့ ဂျပန်အမျိုးသား

ဂျပန်နိုင်ငံက အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ငွေတွေကို ချွေတာသုံးစွဲလွန်းတာကြောင့် လူမှုကွန်ယက်ပေါ်မှာ လူပြောများနေပါတယ်။ ဂျပန်စစ်တုရင်ကစားသမားဟောင်း ဟီရိုတို ခီရီတာနီဆိုတဲ့ အဲ့ဒီအမျိုးသားဟာ သူ့ငွေတွေမကုန်ပဲ အလကားရတဲ့အရာတွေပေါ်မှာ မှီခိုစားသောက်တဲ့အတွက် “God of Freebies” လို့ နာမည်ပြောင်ရထားပါတယ်။ သူဟာ ကူပွန်တွေအပါ်မှာပဲ မှီခိုစားသောက်နေထိုင်နေတာပါ။ သူဟာ သူ့ပိုက်ဆံတွေကို စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီပေါင်း ၁၀၀၀ကျော်မှာ စတော့ရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။ သူဟာ ကြွယ်ဝချမ်းသာမှု စင်ကာပူဒေါ်လာ ၈၇၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ စုလောက်က ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Tokyo Securities Kyowakai ရဲ့ဝန်ထမ်းတွေကို ဂျပန်စစ်တုရင်သင်ပေးရတဲ့အချိန်မှာ စတော့ရှယ်ယာတွေမှာ စတင်ပါဝင်ကစားဖြစ်ခဲ့တာပါ။ ရင်းနှီးမြှုပ်နှံရတာကို စိတ်ဝင်စားလာခဲ့ပါတော့တယ်။ သူ အရှုံးတော့ပေါ်ခဲ့ဖူးပါတယ်။ ၁၉၈၉ […]

သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန် အိမ်တစ်လုံး ဝယ်ယူခဲ့ပြီး ကလေးငယ်က ပိုင်ဆိုင်မှု လွှဲပြောင်းမပေးသောကြောင့် တရားစွဲ – iMyanmarHouse.com

ဟွမ်ရှောက်မင် (Huang Xiaoming) သည် တရုတ်ပြည်၏ သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသားများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၂၀၀၁ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော The Prince of Han Dynasty တွင် ဧကရာဇ် ဝူ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ စတင်လူသိများခဲ့ပြီး ၂၀၀၆ ခုနှစ်က ပြသခဲ့သော သိမ်းငှက်သူရဲကောင်း အတွဲ ၂ (The Return of the Condor Heroes)တွင် ရန်ကော်အဖြစ် လုယိဖေးနှင့် ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည်။ ဟွမ်ရှောက်မင်သည် ရုပ်ရှင်မင်းသမီး Angelababy နှင့် ကွာရှင်းပြီး ၎င်းအောက် ၁၅ နှစ်ငယ်သော မိန်းကလေး Ye ke နှင့် တွဲခဲ့မှုအပေါ် […]