Keynote Address (၆)ခုı Special Talk (၅)ခုနှင့် ပြည်တွင်း/ပြည်ပမှ သုတေသနစာတမ်း(၁၃၃) စောင်ဖတ်ကြားတင်သွင်းမည့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅) ကို ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက နေပြည်တော်၌စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ ညီလာခံမုခ်ဦးနှင့် ပညာဆီမီးတိုင်တို့ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ထွန်းညှိပေးပြီးနောက် မိန့်ခွန်းပြောကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ နိုင်ငံတစ်ခုကိုအဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ၏ နိုင်ငံသားများပင်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အသိပညာအတတ်ပညာ ပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှုမြင့်မားသည့် နိုင်ငံသားများပေါများရေးကို ဦးတည် ကြိုးပမ်းလျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအ တွက်အခြေခံအုတ်မြစ်ဖြစ်ပြီး ပညာရေး၊ သိပ္ပံနှင့်နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိရာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစည်းလိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်းကြီးပွားတိုး တက်ရေးကိုဖန်တီးပေးနိုင်မည့် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ်ကိုပေါ်ထွန်းလာစေမည်ဟုလည်း […]