ylliX - Online Advertising Network

Keynote Address (၆)ခုı Special Talk (၅)ခုနှင့် ပြည်တွင်း/ပြည်ပမှ သုတေသနစာတမ်း(၁၃၃) စောင်ဖတ်ကြားတင်သွင်းမည့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅)


Keynote Address (၆)ခုı Special Talk (၅)ခုနှင့် ပြည်တွင်း/ပြည်ပမှ သုတေသနစာတမ်း(၁၃၃) စောင်ဖတ်ကြားတင်သွင်းမည့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅) ကို ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက နေပြည်တော်၌စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ ညီလာခံမုခ်ဦးနှင့် ပညာဆီမီးတိုင်တို့ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ထွန်းညှိပေးပြီးနောက် မိန့်ခွန်းပြောကြားခဲ့သည်။

နစက ဥက္ကဋ္ဌမှ နိုင်ငံတစ်ခုကိုအဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ၏ နိုင်ငံသားများပင်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အသိပညာအတတ်ပညာ ပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှုမြင့်မားသည့် နိုင်ငံသားများပေါများရေးကို ဦးတည် ကြိုးပမ်းလျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအ တွက်အခြေခံအုတ်မြစ်ဖြစ်ပြီး ပညာရေး၊ သိပ္ပံနှင့်နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိရာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစည်းလိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်းကြီးပွားတိုး တက်ရေးကိုဖန်တီးပေးနိုင်မည့် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ်ကိုပေါ်ထွန်းလာစေမည်ဟုလည်း ပြောသည်။

ထို့ပြင် သုတေသနမှ ဗဟုသုတအသစ်များ၊ တွေ့ရှိချက်အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကိုဖော်ထုတ်ပေးနိုင်ပြီး လက်ရှိအယူအဆများကို သက်သေစိုက်ထူခိုင်မာစေနိုင်ကာ လက်တွေ့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ပြဿနာများကိုဖြေရှင်းပေးနိုင်၍ သုတေသနဟူသည်မှာ ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုတို့ကို တွန်းအားပေးနိုင်စွမ်းရှိသော မောင်းနှင်အားတစ်ရပ်ဖြစ်သည်ဟု ပြောသည်။

” သုတေသနလုပ်ငန်းတွေကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် နည်းပညာသစ်တွေဖော်ထုတ်ပြီး ဈေးကွက်သစ်တွေချဲ့ထွင်နိုင်မှာဖြစ်သလို နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအ တွက် ကျွမ်းကျင်မှုအရည်အသွေးတွေနဲ့ပြည့်စုံတဲ့ ကျွမ်းကျင်လုပ်သားတွေကို မွေးထုတ်ပေးနိုင် မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

အဆိုပါ ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)အား ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၁၀ ရက်အထိကျင်းပသွားမည်ဖြစ်ကာ နိုင်ငံပေါင်း(၁၆)နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း(၄၅)ခုမှ ပညာရှင်(၆၂)ဦး၊ ပညာရေးဝန် ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန(၁၁)ခုနှင့် ပ ညာရေးအဖွဲ့အစည်းများမှ ပြည်တွင်း/ပြည်ပပညာရှင်(၄၀)ဦးတို့က Keynote Address (၆)ခုı Special Talk (၅)ခု၊ ပြည်တွင်း/ပြည်ပသုတေသ နစာတမ်း(၁၃၃)စောင်တို့ကို ဖတ်ကြားတင်သွင်း သွားမည်ဖြစ်သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *