မွန်ပြည်နယ် မုဒုံမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းက ကားသုံးစီး မနေ့က ကြားဖြတ်တိုက်ခိုက်ခံရတဲ့ အပြင် ဒီရက်ပိုင်းအတွင်း ကျိုက်မရောမြို့နယ်ထဲက ရဲစခန်းနှစ်ခုကို ဒရုန်းဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့က (၆) ယောက်သေဆုံးပြီး (၅) ယောက်ဒဏ်ရာရခဲ့ကြောင်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို အခုရက်ပိုင်း ခပ်စိတ်စိတ် တိုက်ခိုက်ခံနေရတဲ့အတွက် မုဒုံ မြို့အဝင်အထွက်နေရာမှာ စစ်ဆေးရေး ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေ ပြောပါတယ်။ မွန်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ ဇန်နဝါရီလ (၁၃) ရက် မနက်အစောပိုင်းက မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းရွာနဲ့ ကွမ်လှာရွာကြား မော်လမြိုင်-သံဖြူဇရပ် ပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခဲ့ ကြောင်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က […]
ရခိုင်မှာ အာရက္ခတပ်တော်ကို လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေမှာ တိုက်ရေးခိုက်ရေး နဲ့ အောင်စိတ်ဆိုတာမျိုး ပျောက်ဆုံးနေတာ တွေ့ရတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ သောကြာနေ့က လုံးဝထိန်းချုပ်လိုက်တဲ့အပြင်၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ်တို့ကိုပါ လက်ရဖမ်းဆီးခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ စစ်ကောင်စီ တပ်မှူး၊ တပ်သားတွေကို ဘယ်လို ရိုက်ခတ်နိုင်မလဲ၊ အာရက္ခတပ်တော်ဘက်က စစ်ရေးမှာ ဘာကြောင့် အားသာနေသလဲ။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည့်သူ့ပန်းတိုင်အဖွဲ့ တာ၀န်ခံ CDM ဗိုလ်မှူးနောင်ရိုး ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ ဗိုလ်မှူးနောင်ရိုး ။ ။ စစ်တပ်ရဲ့ သမိုင်းတလျှောက်၊ တိုင်းစစ်ဌာနချုပ်အဆင့် နှစ်ခုလောက်ကို […]