ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်း စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲ၊ စစ်ကောင်စီတပ်သား အတော်များများ အလံဖြူထောင်လက်နက်ချခဲ့တဲ့ ရုပ်သံဖိုင်တခု AA ဘက်က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ Source link
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင်း စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲ၊ စစ်ကောင်စီတပ်သား အတော်များများ အလံဖြူထောင်လက်နက်ချခဲ့တဲ့ ရုပ်သံဖိုင်တခု AA ဘက်က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရဲ့ ပကတိမြေပြင်အခြေအနေဆိုပြီး ရုပ်သံဖိုင်ကို ခေါင်းစဉ်ပေးထားပေမယ့်၊ ဘယ်နေ့နဲ့ ဘယ်နေရာမှာ ရိုက်ကူးခဲ့သလဲဆိုတာကို မဖော်ပြထားသလို ဗွီအိုအေကလည်း သီးခြားအတည်ပြုလို့မရပါဘူး။ အမ်းမြို့အပါအဝင် နယ်မြေအတော်များများကို သိမ်းယူထားပြီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တခုပဲ ကျန်တော့တယ်လို့ AA က ပြောဆိုထားတာပါ။ ရုပ်သံဖိုင်ထဲမှာတော့ လက်နက်ချအညံ့ခံတယ်ဆိုသူတွေဟာ အရပ်ဝတ်တွေနဲ့ တွေ့ရပြီး၊ အတော်များများက ဒဏ်ရာရရှိထားပုံရပါတယ်။ မြန်မာစစ်ကောင်စီရဲ့ စစ်တိုင်းဌာနကြီးတခုဖြစ်တဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကိုတော့ အခုနှစ်လယ်ပိုင်းမှာ MNDAA ကိုးကန့်တပ်တွေက သိမ်းယူခဲ့ပြီး စစ်ကောင်စီအဖို့ ပထမဆုံးကျရှုံးတဲ့ စစ်တိုင်းကြီးတခုဖြစ်ပါတယ်။ အခု နပခ ကို […]