ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းကျေးရွာ (Namhkam Mare) နဲ့ နမ်စဘွမ့်ရွာ (Nam Sabum) နှစ်ခုစလုံးကို ကျေးရွာမြေနေရာ ပျောက်ကွယ်သွားတဲ့အထိ ကြီးမားတဲ့ စီမံကိန်းအဖြစ် ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့် ကျေးရွာနှစ်ခု ပတ်ပတ်လည် မြေနေရာအားလုံးကို ရွှေတူးဖော်လိုက်ပြီးနောက် လက်ရှိမှာတော့ လူနေအိမ် ခြံဝင်း နဲ့ လယ်ယာမြေ၊ စိုက်ပျိုးခြံမြေတွေအထိပါ ပြန်လည် တူးဖော်နေတယ်လို့ မချမ်းဘော ဒေသခံအမျိုးသားတစ်ဦး က KNG ကို ပြောပါတယ်။ “အဓိကတော့ မချမ်းဘောမြို့နယ်ထဲမှာ ပေါ့လေ။ အိမ်ခြံမြေ၊ လယ်ယာမြေ၊ စိုက်ပျိုးမြေ ပါသွားတယ် ဆိုတာကလည်း မြေယာပိုင်ရှင်တွေကိုက ရွှေလုပ်ငန်းရှင်တွေကို ရောင်းချပေးပြီး တူးနေတဲ့ အခြေအနေမှာ ဖြစ်တယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့်ကျေးရွာ နှစ်ခုမှာ ဖြစ်နေတယ်။ အိမ်ခြံမြေတို့ ဥယာဉ်ခြံတို့က တော်တော်လည်း ပါသွားပြီ။ အခုရွှေတူးဖော်တဲ့ စက်ယန္တရားတွေလည်း တော်တော်များတယ်”လို့ ပြောပါတယ်။ နမ်စဘွမ့် […]
ရှမ်းမြောက်၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ရရှိထားတဲ့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ်တို့ကြား တရားဝင်အပစ်ရပ်ဖို့ သဘောတူညီမှုရသွားပြီလို့ တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စ မော်နင်းက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြောလာပါတယ်။ ဒီအပစ်ရပ်သဘောတူချက်ဟာ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီ ၁၈ ရက်နေ့က စတင်အသက်ဝင်ခဲ့တာကြောင့် တရုတ်-မြန်မာနယ်စပ်အနီးတိုက်ပွဲတွေ ရပ်တန့်သွားပြီလို့ ရိုက်တာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။ တရုတ်အစိုးရကြားဝင်စေ့စပ်မှုနဲ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တပ်တို့ရဲ့ ဇန်နဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့တို့က တွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့မှာ ပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကြိုးပမ်းပေးမှုအတွက် တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ မစ္စ မော်နင်းက […]
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ဒီသီတင်းပတ်ထဲ ဆွေးနွေးနေကြပေမယ့် ထူးခြားတဲ့ရလဒ်တော့ ထွက်မလာသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ ဆွေးနွေးပွဲ ဒီကနေ့ အဆုံးသတ်ဖို့ မူလကစီစဉ်ထားပေမဲ့ နောက်ထပ် ဆက်လက် ဆွေးနွေးကောင်း ဆွေးနွေးဖွယ် ရှိတယ်လို့လည်း ခန့်မှန်းနေကြတာပါ။ တရုတ်နိုင်ငံက ဆွေးနွေးပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ အစီအစဉ်နဲ့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်အဖွဲ့ ကိုယ်စားလှယ်တွေ တနင်္ဂနွေနေ့က ဆွေးနွေးမှုတွေ စတင်ခဲ့ကြတာပါ။ ဆွေးနွေးပွဲကို တရုတ် ကိုယ်စားလှယ်တချို့လည်း တက်ရောက်ခဲ့ပါတယ်လို့ အမည်မဖော်လိုတဲ့ကိုးကန့်အဖွဲ့ နဲ့နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။ ဆွေးနွေးမှု အသေးစိတ်တော့မသိရသေးသလို ဆွေးနွေးပွဲရလဒ် အဖြေ မရသေးတဲ့အတွက် […]
စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်တာ။ ဒရုန်းနဲ့ တိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်းမြို့နယ် ၃ ခုအစပ်က ကျေးရွာ ၁၄ ရွာလောက်က ဒေသခံ ၂၀၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ဒေသခံ စစ်ရှောင်တွေဟာ လက်ရှိမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေသလို နေထိုင်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ကို စစ်ကောင်စီက နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ဒီဇင်ဘာ ၄ ရက်နေ့အထိ စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် ဒီသီတင်းပတ်၂ပတ်အတွင်းမှာ ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေအပြင် ကျွန်းလှနဲ့ ထိစပ်နေတဲ့ ကန့်ဘလူနဲ့ကောလင်းက ကျေးရွာတချို့ပါ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ဘေးရှောင်ကြရတဲ့ ဒေသခံတွေက နှစ်သောင်း၂၀၀၀၀ ဝန်းကျင်အထိ ရှိနေပြီလို့ […]
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၄ တအာင်း(ပလောင်) လက်နက်ကိုင် အဖွဲ့ TNLA က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန် “စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေး ဖြေရှင်းရန် အမြဲတမ်း အဆင်သင့်ရှိကြောင်း သဘောထားထုတ်ပြန်ချက်” ဆိုတဲ့ ခေါင်းစဥ်နဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ TNLA ရဲ့ ထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုက ထိရောက်မှုရှိကြောင်း သက်သေပြလိုက်တဲ့ အဖြစ်အပျက် တခုအဖြစ် ဆိုနိုင်ပါလိမ့်မယ်။ နောင်ချိုမြို့ရဲ့ တောင်ဘက်၊ တောင်ခမ်းတဝိုက် မှာ လနဲ့ချီ အပြင်းအထန်ဖြစ်ပွားနေတဲ့ အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်းတွေကိုသိမ်းဖို့ ကြိုးစားတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေစဥ်မှာ အခုလို မျှော်လင့်မထားတဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ယမန်နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး […]
ထန်တလန်တိုက်ပွဲများမှာ ချင်းကာကွယ်ရေးတပ်(CDF)ရဲ့ စစ်ဦးစီးချုပ်အပါအဝင် ကျဆုံးသူ ၂၀ ဦးထက်မနည်းရှိနေပြီဖြစ်လို့ ရင်းနှီးထားရမှုတွေက များပါတယ်။ စစ်ကောင်စီကလည်း လေကြောင်းနဲ့ စစ်ကူတွေ ပေးပို့နိုင်ခဲ့ပြီးနောက်မှာ နှစ်ဖက်တိုက်ပွဲတွေဟာ တဖက်သတ်အသာစီးရယူနိုင်ခြင်းမရှိသေးပါဘူး။ ဗုံးဒဏ်တွေကြောင့် ထန်တလန်မြို့လည်း တမြို့လုံးနီးပါး ပျက်စီးနေတဲ့ အနေအထားမျိုးဖြစ်လာပါတယ်။ လက်ရှိအချိန်ထိတော့ စစ်ကောင်စီတပ်ရင်းတွေရှိနေတဲ့ ထန်တလန်မြို့မရဲစခန်းကို ပူးပေါင်းတပ်တွေက ဝိုင်းရံတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ဟားခါးအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှတဆင့် ထန်တလန်ကို စစ်ကူ ၁၀၀ ခန့်ရောက်လာနိုင်ကြောင်းလည်း တော်လှန်ရေးဘက်က ခန့်မှန်းထားပါတယ်။ ဟားခါးကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ဖို့ ထန်တလန်ဟာ စစ်ကောင်စီအတွက် အရေးပါပါတယ်။ အရင်းအနှီးတွေများထားတဲ့ တိုက်ပွဲမှာ ချင်းတော်လှန်ရေးတပ်တွေကလည်း ထန်တလန်ကိုပဲ သဲသဲမဲမဲရှိနေကြတာမျိုးပါ။ အခြားတဖက် မင်းတပ်မြို့မှာလည်း စစ်ကောင်စီလေတပ်ဟာ အောက်တိုဘာ ၁ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထိ တိုက်ခိုက်ခဲ့ကြောင်း၊ မင်းတပ်ရဲဘော် […]