မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က “မြန်မာမှာရှိနေတဲ့ တရုတ်ရဲ့ စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများကို မထိခိုက်အောင်ကာကွယ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြောထားတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြားမှာတော့ ပြတ်သားတဲ့ ရည်မှန်းချက်ထားရှိပြီးသားဖြစ်ပါတယ်။ အလိုမကျတိုင်းအာဏာသိမ်းတဲ့စစ်တပ်ကို အပြီးသတ်ဖယ်ရှားဖို့ သို့မဟုတ် နိုင်ငံရေးမှထွက်ခွါဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ရည်မှန်းချက်ထားရှိပါတယ်။ စစ်ကောင်စီကလည်း ဖိနှိပ်ခံတော်လှန်ရေးအင်အားစုတွေအပေါ် နေ့စဉ်ဗုံးကြဲ အကြမ်းဖက်နေဆဲဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးသဘောပေါက်နားလည်ဖို့လိုပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လည်း စစ်ကောင်စီကိုပြောထားတယ်လို့ မော်နင်ကဆိုပါတယ်။ တရုတ်နှင့် ဆက်စပ်တဲ့ KIA နှင့် အေအေ တပ်တော်ကတော့ စစ်ကိုသာ အာရုံစိုက်နေကြပြီး KIA ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ တရုတ်ရဲ့ဖိတ်ခေါ်မှုကြောင့် တရုတ်ကိုရောက်ရှိနေပါပြီ။ လက်ရှိမှာလည်း KIA ကတော့ ဗန်းမော်မြို့တဝိုက်က စစ်ကောင်စီတပ်တွေကို ဆက်လက်ပိတ်ဆို့ […]