ylliX - Online Advertising Network

ပိုင်ဆိုင်ထား လေယာဉ်နှင့် စစ်လက်နက်များ၏ စွမ်းရည်ကို အပြည့်အဝေအသုံးချ စစ်ဆင်ရန် စစ်ခေါင်းဆောင်ပြော – သျှမ်းသံတော်ဆင့်

ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းရည်ကို အပြည့်အဝအသုံးချ စစ်ဆင်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၅) ရက်တွင် ပြုလုပ်သည့် တပ်မတော် (လေ) ၇၇ နှစ်မြောက် နှစ်ပတ်လည်အနေ့ အခမ်းအနား၌ ထိုသို့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ပွဲအောင်နိုင်ရေးအတွက် လေတပ်က အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ လေကြောင်းစွမ်းအား သာလွန်ကောင်းမွန်၍ ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ် ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့များ၏ စိတ်ဓာတ်နှင့် တိုက်စွမ်းရည် ပိုမိုအားကောင်းတိုးတက်စေကြောင်း သိသာထင်ရှားစွာ တွေ့မြင်နေရကြောင်း ဆိုသည်။ ထို့အပြင် တပ်မတော် (လေ)မှ အရာရှိ၊ စစ်သည်များ စမ်းသပ်တီထွင်ထုတ်လုပ်ထားသည့် ကင်းထောက်လေယာဉ် အမျိုးအစားများဖြစ်သော MTX-1A နှင့် MTX-1B လေယာဉ်များကိုပါ […]

ခေတ်သစ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အလေးပေးဆောင်ရွက်လာကြပြီဟု စစ်ခေါင်းဆောင်ပြော

ခေတ်သစ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာ ကြပြီဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၂ ရက်) တွင် ပြင်ဦးလွင်မြို့၌ ကျင်းပပြုလုပ်သော ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် အထက်ပါအတိုင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းက “ခေတ်သစ်စစ်ပွဲများကို လေ့လာကြည့်ရင် အဆင့်မြင့်နည်းပညာများကို အသုံးပြုပြီး အီးလက်ထရောနစ် စစ်ဆင်ရေးနှင့် သတင်းအချက်အလက် စစ်ဆင်ရေးများကို ထိရောက်စွာ ပုံဖော်တိုက်ခိုက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ကြောင့် မျက်မှောက်ခေတ်စစ်ပွဲများတွင် စစ်ဘက်ခေါင်းဆောင်များအနေဖြင့် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာကြပြီး ကာကွယ်ရေးဆိုင်ရာ မူဝါဒချမှတ်ရာတွင်လည်း နည်းပညာ၏အခန်းကဏ္ဍသည် အလွန်အရေးပါသည့် အနေအထားကို ရောက်ရှိလာပြီဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။ ထိုသို့ ပြောင်းလဲတိုးတက်နေသည့် […]

တရုတ်နယ်စပ် ကုန်သွယ်ဂိတ်စီမံခန့်ခွဲအုပ်ချုပ်မှု စစ်ကောင်စီကို တရုတ်အားပေးဟု စစ်ခေါင်းဆောင်ပြော

တရုတ်-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလဆန်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang နှင့် သီးခြားတွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးပြောကြားခဲ့ကြောင်း ဆိုသည်။ စစ်ကောင်စီ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက်က အမြဲထောက်ခံ အားပေးနေကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီမှ စီမံခန့်ခွဲအုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း […]