ylliX - Online Advertising Network

ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေ

ယခုနှစ်အတွင်း ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ပြိူင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၄) နည်း ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်နေကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထိူသို့ သိရခြင်း ဖြစ်သည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ချိန် ကာလအားဖြင့် (၈)လသာ ကျန်တော့မည်ဖြစ်သည့်အတွက် ယခင်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများထက် ဆုတံဆိပ်များစွာကို ဂုဏ်သိက္ခာရှိစွာဖြင့် ထိုက်ထိုက်တန်တန် ပိုမိုရယူပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများ သုံးဦးသုံးဖလှယ် ဟန်ချက်ညီမှသာ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် နောက်ဆုံး […]

ရုရှားနှင့် တရုတ်သို့ အလုပ်သမား ဦးစားပေးစေလွှတ်ရန် စစ်ကောင်စီ စီစဉ်နေ   – Myanmar Now

နိုင်ငံတကာအသိုင်းအဝိုင်း၏ ပစ်ပယ်ခြင်းခံထားရသည့် စစ်ကောင်စီသည် ၎င်းနှင့် ပြေလည်သည့် ဆက်ဆံရေးရှိသော တရုတ်နှင့် ရုရှားနိုင်ငံများသို့ အလုပ်သမား စေလွှတ်နိုင်ရန် စီစဉ်နေသည်ဟု စုံစမ်းသိရှိရသည်။  ယခုနှစ်လယ်ပိုင်းတွင်  တရုတ်နိုင်ငံသို့  ရှေ့ပြေးအစီစဉ်အဖြစ် အလုပ်သမားများ စတင်စေလွှတ်ခဲ့ပြီး ရုရှားနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရေးအတွက်လည်း စစ်ကောင်စီနှင့် နီးစပ်သည့် အေဂျင်စီ နှစ်ခုက ကြိုးပမ်းနေသည်၊ အလုပ်သမားဝန်ကြီးဌာနက စိစစ်နေသည်ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ရုရှားမှာလည်း အလုပ်ကောင်းတယ်ပြောတာရှိတော့ ကုမ္ပဏီတချို့ ကြိုးစားနေပေမယ့် သူတို့နဲ့(စစ်တပ်နဲ့) အချိတ်အဆက်ရှိတဲ့ ကုမ္ပဏီတွေပဲ ပိုများတယ်” ဟု ၎င်းက ပြောသည်။ “ရုရှားကိုက မိတ်ဖက်နိုင်ငံလို့သဘောထားတော့ ရုရှားကို များများပို့စေချင်တာပေါ့၊ သူတို့မိတ်ဖက်က ဒီနှစ်နိုင်ငံပဲ ရှိတာကိုး”  စစ်တပ်အာဏာမသိမ်းမီ ရုရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းမရှိပေ။ ယခုနှစ်လယ်ပိုင်းတွင် […]