ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် စစ်အင်အား ၈၀ ရှိ မယ်လယု တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးမှု လက်နက်ခဲယမ်းများနှင့် စက်ယန္တရာများ သိမ်းဆည်းရရှိ၊ စစ်တပ် ကာကင်းစခန်းတစ်ခုကိုလည်း တိုက်ခိုက်သိမ်းပိုက် ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ကရင်နီပြည်၊ ရှားတောမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လယုစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီ တပ်သားများအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများနှင့် စက်ယန္တရားများ သိမ်း ဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီကျော်က ရှားတောမြို့နယ်၊ ဆိုးတရှားမြို့နယ်ခွဲရှိ မယ်လယု တပ်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရှမ်းပြည်နယ်ဘက်သို့ တပ်ဆုတ်သွား သ ဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်လုပ်ဆောင်ခဲ့ရာ ၆၀ […]
ပုပ္ပါးတောင်မကြီးပေါ်ရှိ စစ်တပ် ဆက်သွယ်ရေးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၈ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ အကြမ်းဖက် စစ်တပ် ဆက်သွယ်ရေးစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပုပ္ပားပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်ရှိ […]
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီ ပြန်သိမ်းထားသည့် တွင်းငယ်ကျေးရွာ ဝန်းကျင်တွင် တိုက်ပွဲများ ၅ ရက်ဆက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဒီဇင်ဘာ ၂၁ ရက် နံနက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၂၅) တွင် စစ်လေယာဉ်က ဗုံး ၆ လုံး ကြဲချခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။ “သူတို့ကိုပြန်ဝိုင်းထားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ မြေပြင်ကနေလည်း စစ်တပ် အင်အားအလုံးအရင်းနဲ့ထိုးတယ်။ လေကြောင်းနဲ့လည်းတိုက်နေတယ်။ တိုက်ပွဲက ဒီနေ့ ပိုပြင်းထန်နေတယ်” ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် ပြောသည်။ မန္တလေး-မြစ်ကြီးနား လမ်းပေါ်မှ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သည့် တွင်းငယ်ကျေးရွာကို PLA, […]
ကမ္မမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ဘုတလင်တွင်လည်း စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မကွေးတိုင်း၊ ကမ္မမြို့ပေါ်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ဂျစ်ပင်နှင့် ရေလာလေးရွာ၌ တပ်စွဲထးသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကမ္မမြို့ပေါ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရသည်။ အကြမ်းဖက် […]
စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စစ်တပ်ရဲ့ eVTOL […]
မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွား၊ ရေစကြိုတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွားကြောင်း Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သီတာယုမွန် ဦးဆောင်သော ပျူစောထီး အင်အား ၂၅၀ ခန့်နှင့် […]
ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်ထဲမှ စစ်ကောင်စီ၏ အမှတ် (၅၆၃) တပ်ရင်းကို အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်နေပြီး မြို့တွင်းတိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။ အမှတ်(၅၆၃) တပ်ရင်းသည် မြို့အဝင်တွင်ရှိပြီး ထိုစစ်စခန်းမကျစေရေးအတွက် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပြီး အပြင်းအထန်ခုခံနေကြောင်း ရခိုင်အခြေစိုက် နိရဉ္စရာ သတင်းဌာနကလည်း ဒီဇင်ဘာ ၁၅ရက်နေ့က ရေးသားထားသည်။ ဂွမြို့ထဲမှ စစ်ရှောင်လာသူတစ်ဦးက ဒီဇင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်တို့ ခံစစ်ပြင်ထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု Myanmar Now ကို ပြောသည်။ “စစ်တပ်က ရဟိုင်ကွင်းမှာ ခံစစ်ပြင်ထားတာ၊ သံချပ်ကား၊ တင့်ကားတွေရောရှိတယ်။ ကင်းပုန်းတွေလည်း တောက်လျှောက်ပဲ” ဟု သူက ပြောသည်။ “ရဟိုင်ကွင်း ပတ်လည်၊ ရွှေနန်းခိုင် ပတ်လည် ၅၆၃၊ ၆၅၂ […]
စစ်ကိုင်းတိုင်းအတွင်း စစ်တပ် ယာယီတပ်စွဲပြီး ပြန်ထွက်သွားသည့် ရွှေဘိုမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က မီးလောင်ထားသည့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိခဲ့ရသည်ဟု မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။ ရွှေဘိုမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ သပြေသာကျေးရွာကို ဒီဇင်ဘာ ၇ ရက်နေ့တွင် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ပြန်ထွက်သွားခဲ့သည်။ နောက်တစ်နေ့တွင် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုက ဝင်ရောက်ကြည့်ရှုရာ ရွာလယ်ရှိ မီးသင့်ထားသည့် အဆောက်အဦတစ်ခုတွင် ရုပ်အလောင်းများ တွေ့ရသည်၊ အမျိုးသားများ ဖြစ်ဖွယ်ရှိသည်ဟု ဒေသခံ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တစ်နေရာတည်း စုပုံပြီးမီးရှို့ထားတာ။ ဓားဒဏ်ရာလည်းမရှိဘူး။ သေနတ်ကျည်ဆန်ရာလည်း မရှိဘူး။ အရှင်လတ်လတ် မီးရှို့ထားတဲ့အနေအထားမျိုးဖြစ်နေတာဗျ။ ရုပ်အလောင်းက တော်တော်ကို ရုပ်ပျက် […]
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကြည်း၊ ရေ၊ လေ တပ်များ သုံးပြီး ထိုးစစ်ပြန်ဆင်ရာတွင် စစ်ကောင်စီက ဒရုန်းအမျိုးမျိုးသုံးစွဲလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။ မတ္တရာမြို့အနီးဝန်းကျင်အထိ ဝိုင်းပတ်ပိတ်ဆို့ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက နိုဝင်ဘာ လလယ်ခန့်မှစပြီး တန်ပြန်ထိုးစစ်ဆင်ရာတွင် ပါဝင်လာသည်မှာ ဗုံးသီးချတိုက်ခိုက်ရာတွင် သုံးသည့် ဒရုန်း၊ Suicide ဒရုန်း ဟု ခေါ်ကြသည့် ပေါက်ကွဲမည့်ဗုံးသီးနှင့်အတူ ပျက်စီးသွားမည့် တစ်ခါသုံးဒရုန်း၊ ကင်းထောက်ဒရုန်းတို့ ဖြစ်သည်ဟု သိရသည်။ “စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ၊ တပ်စခန်းတွေကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်ရာမှာ ဒရုန်းကို အရင်ကထက် ပိုမိုအသုံးပြုလာတယ်။ အထူးသဖြင့်တော့ ကာမီကာဇေလို့ ခေါ်တဲ့ Suicide ဒရုန်းတွေကို ပိုပြီး အသုံးပြုလာနိုင်တာမျိုးတွေ့ရတယ်”ဟု MDY-PDF ပြန်ကြားရေး တာဝန်ခံ […]
TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့နဲ့ ကျောက်မဲမြို့တွေမှာ နိုဝင်ဘာလ(၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၈ဦးသေဆုံးခဲ့ပြီး ၇၀ဦး ဒဏ်ရာရရှိကာ နေအိမ်၉၇လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ဒေသခံ (၁၆)ဦးသေဆုံးပြီး သံဃာ (၂)ပါး အပါအဝင် (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၄၉)လုံးနဲ့ ကား(၈)စီး ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၉)ဦးသေဆုံးပြီး ကလေးငယ် တစ်ဦးအပါအဝင် (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။အလားတူ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ကို စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး […]