ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ဗန်မော်မြို့နေရာအများအပြားမီးလောင်ကျွမ်းခဲ့ကာ ဗန်းမော်ရဲစခန်းနဲ့ ဗန်းမော်ဈေးကြီး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။မနေ့က ဒီဇင်ဘာ ၁၀ရက်နေ့ ညပိုင်းက စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် နေရာအနှံ့မီးလောင်ကာ ဗန်းမော်ရဲစခန်းနဲ့ ဗန်းမော်ဈေးကြီးမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက VOR ကိုပြောပါတယ်။”ဗန်းမော်ဈေးကြီးမီးလောင်သွားပြီ။ KBZ ဘဏ်နားက ရဲစခန်းလဲပြာကျသွားတယ်။ ဗန်းမော်ကားဂိတ်ပေါ့ဗျာ ဗန်းမော်-မန္တလေးကားဂိတ်နားက တိုက်တန်းတွေလဲပြာကျသွားပြီ မနေ့ညကလေယာဉ်နဲ့ကြဲတာ”လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။စစ်ကောင်စီဗုံးကြဲမှုကြောင့် ကချင်စုဗလီဘေးလမ်းကြား လက်နက်ကြီးကျရောက်ပြီး အရပ်သားအစုလိုက် သေဆုံးမှုတွေလဲ ရှိနေတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေလဲထွက်ပေါ်နေပါတယ်။ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်တပ်တွေက ဒီဇင်ဘာ ၄ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၈ရက်မှာ မြို့ပေါ်ရပ်ကွက် ၁၆ရပ်ကွက်လုံးနဲ့ မြို့ပြင်ကိုပါ ရှင်းလင်းထားနိုင်ပြီလို့ သိရပါတယ်။သုံ့ပန်းတွေနဲ့ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ပါသိမ်းဆည်းရရှိထားပြီး စစ်မျက်နှာ […]