ညမှောင်ရီ ဝိုးတဝါးအချိန်တွင် လမ်းမပေါ်မှ တိတ်ဆိတ်ခြောက်ကပ်မှုနှင့်အတူ ရိုက်ခတ်လာသော မြောက်လေသည် တုံချမ်း၍ ခိုက်ခိုက်အေးနေသည်။ မည့်သို့ပင် အေးပါစေ။ လက်ရှိ နန်းထက်တစ်ယောက်မှာ ခံစားနေရသော ရင်ထဲက အပူမီးများကို မငြိမ်းသက်နိုင်ပေ။ “ဆွဲနေပြီဆိုတဲ့ သတင်းကြားရင်တော့ ပူထူတယ်။ နည်းနည်းလေး သတင်းပြန်ငြိမ်းသွားရင်တော့ ပုံမှန်လိုပါပဲ။ ဒီမှာကတော့ ညဆိုအတွေးပေါင်းစုံနဲ့ပေါ့” ဟု တိုးတိုးတိတ်တိတ်ဖြင့် နန်းထက် (အမည်လွှဲ) က ပြောလာသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးဇာတိတွင် မွေးဖွားကြီးပြင်းသော နန်းထက် တစ်ယောက်သည် ပေါ်တာဆွဲမှုကြောင့် စိတ်လုံခြုံမှုမရှိ နေ့နေ့ ညည စိုးရိမ်မှုဖြစ်နေသည်။ တောင်ကြီးမြို့ တောင်ကြီးမြို့သည် လက်ရှိအချိန်ထိ စစ်ရေးမရှိသည့်မြို့တစ်မြို့ဖြစ်ပြီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) အခြေစိုက်သည့်မြို့လည်းဖြစ်သည်။ သူ စိတ်မလုံခြုံမှုများနှင့် နေထိုင်ရသည်မှာ သုံးနှစ်ကျော်ပြီဟု ပြောသည်။ နေ့ဘက်တွင် “ခွေး” […]
ထိုင်းနိုင်ငံထဲမှာ တရားမဝင်ခိုးဝင်မှု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ပြီး မြန်မာပြည်ဘက်ပြန်ပို့လိုက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၆ ဦးကို စစ်မှုထမ်းဖို့စစ်ကောင်စီက ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ Source link