ylliX - Online Advertising Network

ရေတာရှည်မှာ စစ်တပ်စစ်ကြောင်း ၂၀ကျော်သေဆုံးပြီး စစ်ရေးတင်းမာနေ – Voice of Revolution Live News

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် အနောက်ခြမ်း၊ နှောပင်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးများပြားခဲ့တာကြောင့် အင်အားထပ်မံဖြည့်တင်းပြီး စစ်ရေးတင်းမာနေတယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့-NPT က သတင်းထုတ်ပြန်ပါတယ်။အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းဟာ ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီခန့်မှာ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်း အနောက်ခြမ်း နှောပင်ကျေးရွာကို ကျွန်းတော်ကုန်းဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ထက်မနည်းသေဆုံးကာ အများအပြားထိခိုက်သွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ အထိနာပြီး အင်အားဖြည့်တင်းနေကြောင်း သိရှိရပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို စစ်တောင်းမြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တိုက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ကာ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။နှောပင်ကျေးရွာအတွင်းရှိ ပြည်သူတွေကိုလည်း စစ်တပ်က […]

ကျောက်မဲမြို့နယ် SSPP/SSA နှင့် TNLA တို့ စစ်ရေးတင်းမာနေ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ စစ်ရေးတင်းမာ နေကြောင်း သိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ စစ်ရေးတင်းမာ နေကြောင်း စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့က တိုက်ပွဲဖြစ်ဖို့ကလည်း ဖြစ်နိုင်ချေတော့နည်းတယ်။စစ်ရေးတင်းမာတာတွေ အချင်းချင်း ငြိတာ တွေကလည်း ခဏခဏဖြစ်တယ်။အောက်ကလူတွေပဲမကြာမကြာ အချင်းချင်းတင်းနေကြတာ။ပြီးရင် အပေါ်က လူကြီးတွေ အချင်းချင်းတော့ စကားပြန် ပြောကြပါတယ်။”ဟု က စစ်ရေးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ ကျောက်မဲမြို့တွင် SSPP/SSA နှင့် TNLA တို့ စစ်ရေးတင်းမာမှုကြောင့် […]