ylliX - Online Advertising Network

စစ်သုံ့ပန်းများ ကွပ်မျက်မှု AA ဝန်ခံ၊ အလားတူ ထပ်မဖြစ်ရန် ကတိပေး – Myanmar Now

အာရက္ခတပ်တော် (AA) က  စစ်သုံ့ပန်း ၂ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက သတင်းထုတ်ပြန်ခဲ့ပြီးနောက်တစ်နေ့တွင် ထိုတပ်ဖွဲ့၏  ပြောခွင့်ရပုဂ္ဂိုလ်က ထိုသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း  ဝန်ခံလိုက်ပြီး နောင်တွင် အလားတူဖြစ်ရပ်များ မပေါ်ပေါက်စေရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ AA တပ်ဖွဲ့ဝင်ဟု ယူဆရသူများက သုံ့ပန်းအချို့ကို ညှင်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင်များ အွန်လိုင်းပေါ်တွင် ပေါက်ကြားလာပြီးနောက် AA ၏ တုံ့ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ယခု ပေါက်ကြားလာသည် ရုပ်သံမှတ်တမ်းသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ  အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) ကို တိုက်ခိုက်စဉ် ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်ဟု  AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ AA တပ်ဖွဲ့ဝင်များသည် […]

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်ကြီး အပါ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ ကျော်နဲ့ ဒရုန်းများ သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တီမြို့ကို KIA က သိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး အပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက် ၁၀၀ကျော်နှင့် ဒရုန်းများပါ သိမ်းပိုက်ရရှိကြောင်း ကချင်စစ်ရေးသတင်းမြစ်ထံက သိရပါတယ်။နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကန်ပိုက်တီမြို့ကို KIA PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက် ၁၀၀ ကျော်နဲ့ ခဲယမ်းများ၊ ဒရုန်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာ ကန်ပိုက်တီမြို့ရှိ ဌာနဆိုင်ရာတွေနဲ့ တရုတ်-မြန်မာချစ်ကြည်ရး ဥမင်လှိုဏ်ခေါင်းတို့မှာ ကချင်အမျိုးသားအလံကို လွှင့်ထူထားပါတယ်။ Continue Reading Source link