ylliX - Online Advertising Network

တောင်တွင်းကြီးမှာ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်လို့ စစ်သားနဲ့ပျူ ၄ဦးသေဆုံး

တောင်တွင်းကြီးမြို့နယ်ရှိ အသောကဘုန်းကြီးကျောင်းအနီး ခိုင်ခိုင်ကျော် ဓာတ်ဆီဆိုင်နဲ့ နန်းထိုက်စံဓာတ်ဆီဆိုင်ကြားမှာ စစ်အုပ်စုကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ဦးသေဆုံးသွားကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်‌ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်းက ထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊ အသောကဘုန်းကြီးကျောင်းရဲ့ မျက်နှာချင်းဆိုင် စပါးဒိုင်ကနေ စစ်တပ်နဲ့ပျူအဖွဲ့ လှုပ်ရှားနေကြောင်း သတင်းရတာကြောင့် အဝေးထိန်းမိုင်းတွေကို ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ဖောက်ခွဲတိုက်ခိုက်မှုဟာ ခိုင်ခိုင်ကျော်ဓာတ်ဆီဆိုင်နဲ့ နန်းထိုက်စံဓာတ်ဆီဆိုင်အကြားဖြစ်ပြီး စစ်သားနဲ့ ပျူစောထီး ၄ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူတွေရဲ့ သွေးကွက်တွေကို စစ်အုပ်စုက ထုံးနဲ့ဖုံးထားခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗိဿနိုးပြည်သူ့ကာကွယ်‌ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တောင်တွင်းကြီး မြို့နယ်အတွင်းလုံခြုံရေးနဲ့ တိုက်ပွဲဆောင်ရွက်မှုတွေကို ဆက်လက်အားဖြည့်သွားမယ်လို့လဲ အသိပေးထားပါတယ်။ Continue Reading Source link

အိမ်စီးကားနဲ့မိုင်းရှင်းဖို့လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်များတိုက်ခိုက်နိုင်ခဲ့ကြ

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ တော်လှန်ရေးတပ်များရဲ့ မိုင်းဆွဲခြင်းကိုခံရပြီးနောက် မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးထပ်မံရောက်ရှိလာပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လည်ပိုင်းက အဆိုပါဖြစ်စဉ်မှာတော့ တောတွင်းတွတ်ပီ ဒေသကာကွယ်ရေးအဖွဲ့တွေ ဝိုင်းပစ်ရာမှာ စစ်ကောင်စီဘက်က ၁၂ ဦးထိသေဆုံးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲက မွန်းလွဲ ၂ နာရီထိကြာခဲ့ပြီး ရန်သူများသေဆုံးမှုများပေမယ့် အချိန်မမီတာကြောင့် လက်နက်များ ကောက်ယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် လက်နက်ကောက်ယူဖို့ကြိုးစားနေစဉ်မှာ ကားဘေးမှာပုန်းနေတဲ့ စစ်ကောင်စီ စခ တဦး ချောင်းပစ်လို့ တော်လှန်ရေးရဲဘော်တဦးလည်းကျဆုံးသွားရပါတယ်။ စစ်ကောင်စီဘက်က တပ်ကူအင်အားများလို့ အလောင်းကောက်ချိန်လည်း မရလိုက်ကြပါဘူး။ စစ်ခွေးဘက်က ခွေး၁၂ ကောင်လောက်သေတယ်။ ဒဏ်ရာ အတော်ရသွားကြောင်း၊ လက်နက်ရခါနီးမှ တပ်ကူတွေ ရောက်လာတာပါ တိုက်ပွဲဖြစ်တဲ့ နေရာက […]