ylliX - Online Advertising Network

စွန့်လွှတ်လိုက်ရသည့် မတ္တရာကို စစ်တပ် ထိုးစစ်ဆင်၊ ဒေသခံ ၃၀ နီးပါး သေဆုံး

မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့နယ်အတွင်း  စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနေသဖြင့်  တစ်လအတွင်း အရပ်သား ၃၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။ မန္တလေးနှင့်မိုင်၂၀အကွာရှိ ထိုမြို့နယ်အတွင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) တပ်ဖွဲ့ဝင်တို့ ရှိမည့် နေရာများကို ပစ်ခတ်ရာမှ  အရပ်သားသေဆုံးမှု များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများနှင့် စစ်ရှောင်ကူညီရေး အဖွဲ့များက ပြောသည်။ စစ်ကောင်စီတပ် ဗုံးကြဲ၊ ဝင်ရောက်စစ်ကြောင်းထိုးနေသည့်  ရွာများမှာ ဧရာဝတီမြစ်ကမ်းဘေးမှ ဝန်စု၊ ဝေါစု၊ တုံကုန်း၊ မရမ်းကုန်း၊ ရွာသစ်စသည့်ရွာများ ဖြစ်သည်ဟု   ဒေသခံများက ဆိုသည်။ အောက်တိုဘာ၂၆ ရက်နေ့ ညပိုင်းက   မြို့အရှေ့ပိုင်းရှိ အောင်ချမ်းသာ ခေါ်  ရွာသာယာကျေးရွာကို  ဗုံးကြဲရာ ဒေသခံ ၇ဦး သေဆုံးသွားသည်ဟု  အသက်၆၀အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]