စစ်ကောင်စီသည် ၎င်းတို့အဖွဲ့ဝင် ထိပ်တန်းစစ်ဗိုလ်ချုပ် မိုးမြင့်ထွန်းကို ရာထူးမှဖြုတ်ချပြီး အကျင့်ပျက်ခြစားမှုဖြင့် ထောင်ချထားသော်လည်း အခြားတစ်ဖက်တွင် သူ၏မိသားစုပိုင် ကုမ္ပဏီများကို ဆောက်လုပ်ရေးတင်ဒါများ ချထားပေးပြီး ပြန်လည်ချွေးသိပ်ထားသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏နောက်လိုက် ဗိုလ်ချုပ်များကို စစ်တပ်၊ ယင်းဦးဆောင်သည့်ကောင်စီနှင့် အစိုးရအဖွဲ့စသည့် နေရာသုံးခုတွင် ခွဲဝေနေရာချထားခဲ့သည်။ စစ်ခေါင်းဆောင်၏ လူယုံဟုအများကယုံကြည်ထားသည့် အသက် ၅၇ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ထိုသုံးနေရာလုံး၏ အဆင့်မြင့်ရာထူးများရခဲ့သည်။ သူသည် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး စီးပွားရေးအတွက်အရေးပါသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေး ကော်မတီ၊ ကုန်စည်စီးဆင်းမှု မှန်ကန်ရေးကော်မတီတို့တွင် ဥက္ကဋ္ဌရာထူးများရခဲ့သည်။ ၂၀၂၃ စက်တင်ဘာတွင် စစ်တပ်က သူ့ကို ပြန်ဖမ်းကာ စစ်ခုံရုံးတင်ပြီးနောက် သစ္စာဖောက်မှု၊ လာဘ်စားမှုစွဲချက်များဖြင့် ထောင်ဒဏ်နှစ် ၂၀ နှင့် ညီမျှသည့် ထောင်တစ်သက်တစ်ကျွန်းပြစ်ဒဏ် […]