ylliX - Online Advertising Network

KIO ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်က အသေခံ ဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု လူထိခိုက်မှု မရှိ – Khit Thit Media

ရန်ကုန်။ ဇန်နဝါရီ ၂၄ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ KIO ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်က အသေခံ ဒရုန်း ၂ စီးဖြင့် ယနေ့ ဗုံးကျဲတိုက်ခိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်နှင့် မွန်းလွဲ ၂ နာရီ ၂၄ မိနစ်အချိန်တို့တွင် KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ စစ်ကောင်စီ၏ အသေခံဒရုန်း ၂ စီးက လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ လတ်တလော သိရှိထားမှုများအရ လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။ “KIA ဌာနချုပ်လိုင်ဇာ မြို့ကို စစ်ကောင်စီက အသေခံဒရုန်း ၂-စီးနဲ့ တိုက်ခိုက်ပါတယ်။ လူထိခိုက်မှုမရှိပါဘူး။ […]

ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများကို နာရေးကား ၃ စီးဖြင့် မြို့ပေါ် တင်ဆောင်သွား – Khit Thit Media

ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများကို နာရေးကား ၃ စီးဖြင့် မြို့ပေါ် တင်ဆောင်သွား ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဥယျာဥ်ကြီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၄၀ […]

မင်းလှမြို့နယ်၊ ပဲခူးရိုးမရှိ ခါချဉ်တောင်ပေါ် တက်လာသည့် စစ်ကြောင်းကို မိုင်း အလုံး ၄၀ ခန့်ဖြင့် ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားပြီး စစ်သားအလောင်းများကို ကား ၃ စီးဖြင့် သယ်ထုတ်သွား – Khit Thit Media

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမရှိ ခါချဉ်တောင်ပေါ် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်း အလုံး ၄၀ ခန့်ဖြင့် ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားပြီး စစ်သားအလောင်းများကို ကား ၃ စီးဖြင့် သယ်ထုတ်သွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်ကို တက်လာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဥတစ်လုံးတောင်အနီး၌ သာယာဝတီခရိုင် တပ်ရင်း […]