ရန်ကုန်။ ဇန်နဝါရီ ၂၄
ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ KIO ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်က အသေခံ ဒရုန်း ၂ စီးဖြင့် ယနေ့ ဗုံးကျဲတိုက်ခိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်နှင့် မွန်းလွဲ ၂ နာရီ ၂၄ မိနစ်အချိန်တို့တွင် KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ စစ်ကောင်စီ၏ အသေခံဒရုန်း ၂ စီးက လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ လတ်တလော သိရှိထားမှုများအရ လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။
“KIA ဌာနချုပ်လိုင်ဇာ မြို့ကို စစ်ကောင်စီက အသေခံဒရုန်း ၂-စီးနဲ့ တိုက်ခိုက်ပါတယ်။ လူထိခိုက်မှုမရှိပါဘူး။ ဗန်းမော် ဘက်အထိနာနေလို့ဖြစ်မယ်”ဟု KIA သတင်းရင်းမြစ်က ဆိုသည်။
ယနေ့ နံနက် ၆ နာရီမှစတင်၍ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိက်သိမ်းပိုက်နိုင်ရေး KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီ၏ အမှတ် ၇၀၀၆ သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
The post KIO ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်က အသေခံ ဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု လူထိခိုက်မှု မရှိ appeared first on Khit Thit Media.