ylliX - Online Advertising Network

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပပြုလုပ် (၁၀-၁-၂၀၂၅ ရက်)

(၁၀-၁-၂၀၂၅ ရက်၊ နေပြည်တော်) “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အာဆီယံ မဏ္ဍိုင်(၃)ရပ်ကို အဓိကတာဝန် ယူထားကြသည့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံဆိုင်ရာ ကဏ္ဍအသီးသီးကို တာဝန်ယူထားသည့် ဘာသာရပ်ကျွမ်းကျင်သူ အရာရှိများက ပထမနေ့တွင် ဆွေးနွေးခဲ့သည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းအောက်ရှိ ဆွေးနွေးအကြံပြုတင်ပြချက်များနှင့် ရလဒ်များပေါ် အခြေခံ၍ အာဆီယံစီးပွားရေးအသိုက်အဝန်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းအောက်ရှိ လုပ်ငန်းပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ သက်ဆိုင်ရာကဏ္ဍ အလိုက် ဦးစားပေးလုပ်ငန်းများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်၍ အာဆီယံယန္တရားများနှင့် အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်နိုင်ရေး […]

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ (၉-၁-၂၀၂၅ရက်)

(၉-၁-၂၀၂၅ရက်၊ နေပြည်တော်) “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် မှ ၁၀ ရက်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” ကို ကျင့်သုံးလျက်ရှိရာ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံချင်းသာမက ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် မဲခေါင်ဒေသခွဲဆိုင်ရာအဖွဲ့အစည်းများ၊ အာရှ-ဥရောပ အစည်းအဝေး (အေဆမ်)၊ အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ(အေစီဒီ)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အက်စ်စီအို) စသည့် ဒေသတွင်း၊ ဒေသခွဲဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံချင်း၊ ဒေသတွင်း၊ ဒေသခွဲနှင့် နိုင်ငံတကာအစီအစဉ်များတွင် ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမို ဆောင်ရွက်ခြင်းဖြင့် […]