ylliX - Online Advertising Network

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ (၉-၁-၂၀၂၅ရက်)


(၉-၁-၂၀၂၅ရက်၊ နေပြည်တော်)

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် မှ ၁၀ ရက်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” ကို ကျင့်သုံးလျက်ရှိရာ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံချင်းသာမက ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် မဲခေါင်ဒေသခွဲဆိုင်ရာအဖွဲ့အစည်းများ၊ အာရှ-ဥရောပ အစည်းအဝေး (အေဆမ်)၊ အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ(အေစီဒီ)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အက်စ်စီအို) စသည့် ဒေသတွင်း၊ ဒေသခွဲဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံချင်း၊ ဒေသတွင်း၊ ဒေသခွဲနှင့် နိုင်ငံတကာအစီအစဉ်များတွင် ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမို ဆောင်ရွက်ခြင်းဖြင့် ပြည်ပဆက်ဆံရေးပိုမိုအားကောင်းလာစေရန်နှင့် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များအား ဦးစားပေးဖော်ဆောင်ရာတွင် ဒေသဆိုင်ရာနှင့် နိုင်ငံတကာအစီအစဉ်များမှတစ်ဆင့်လည်း ပိုမိုပေါင်းစည်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါသည်။ အထူးသဖြင့် အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏ အခန်းကဏ္ဍမြှင့်တင်နိုင်ရန်၊ ပြည်တွင်းကဏ္ဍအသီးသီး၌ တာဝန်ယူလျက်ရှိသည့် ဝန်ကြီးဌာနများအကြား ပိုမိုကောင်းမွန်သည့် ပေါင်းစပ်ညှိနှိုင်းမှုများဖြင့် မိမိတို့၏ဦးစားပေးလုပ်ငန်းအစီအစဉ်များကို အာဆီယံယန္တရားများနှင့် ပိုမိုအချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်သွားကြရန် တိုက်တွန်းခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ၏ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးသည့်အပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် အာဆီယံမဏ္ဍိုင်(၃)ရပ်ကို အဓိက တာဝန်ယူထားကြသည့် အဆင့်မြင့်အရာရှိကြီးများက အာဆီယံဆိုင်ရာကဏ္ဍအသီးသီးကို တာဝန်ယူထားသည့် ဝန်ကြီးဌာန (၃၀) ခုမှ ဘာသာရပ်ကျွမ်းကျင်သူ အရာရှိများကို ကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းစဉ်များကို အာဆီယံယန္တရားများမှတစ်ဆင့် ဖော်ဆောင်နိုင်မှုအခြေအနေ၊ စိန်ခေါ်မှုနှင့် အလားအလာများအပေါ် ပြန်လည်သုံးသပ်ကြရန်၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို ယခုနှစ်တွင် စတင်နိုင်တော့မည်ဖြစ်ရာ အဆိုပါမျှော်မှန်းချက်ပါ အာဆီယံမဏ္ဍိုင်အသီးသီး၏ ဗျူဟာမြောက်လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံက အပြုသဘောပူးပေါင်းပါဝင်ကာ မိမိတို့နိုင်ငံအကျိုးကို ဒေသအကျိုးစီးပွားနှင့် ချိတ်ဆက်နိုင်ရန် ပွင့်လင်းစွာ ညှိနှိုင်းတိုင်ပင်၍ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံရေးရာကိစ္စရပ်များကို တာဝန်ယူထားသည့် ဝန်ကြီးဌာန (၃၀) ခုမှ အဆင့်မြင့်အရာရှိကြီးများနှင့် ဘာသာရပ်တာဝန်ခံအရာရှိစုစုပေါင်း (၈၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *