ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၇၂၈၀) ဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိသာ (၆၀၀၀) ကျော်သာရှိကြောင်း သိရသည်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၆) ရက်မှ (၁၂) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၇၂၈၀) ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။ ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။ ပြည်တွင်း၌ […]
https://www.youtube.com/watch?v=_9rV0Ih1LuQ ရန်ကုန်တိုင်းအတွင်းရှိတိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ သန်လျင်၊ တွံတေးခရိုင်တွေထဲက အဝေးဆုံးမြို့နယ်တွေလည်း စုစုပေါင်းကျသင့်ငွေ (၂၃၆၀၀)ကျပ်ဖြင့် စားအုန်းဆီ(၂)ပိဿာ(၇၅)ကျပ်သား အိမ်အရောက်ပို့စနစ်ဖြင့် မှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။#Local_NewsPublished 30 October 2024#စားအုန်းဆီ #အိမ်အရောက်မှာယူနိုင်#YMG/tthl #Yangon_Times Source link