ylliX - Online Advertising Network

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်လာ | Popular


ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၇၂၈၀) ဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိသာ (၆၀၀၀) ကျော်သာရှိကြောင်း သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၆) ရက်မှ (၁၂) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၇၂၈၀) ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ပြည်တွင်း၌ စားသုံးဆီလိုအပ်ချက်သည် တစ်လလျှင် တန်ချိန် (၁) သိန်းခန့် ရှိသော်လည်း ပြည်ပမှ လစဉ်စားအုန်းဆီ တန်ချိန် (၅) သောင်းဝန်းကျင် တင်သွင်းနေရကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *