စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်မှာလားဆိုတော့ အဖြေလေးကတော့ လိုရင်းတိုရှင်းပြောရရင် ဟုတ်ပါတယ်။ စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်မှာပါ။ စိတ်ဖိစီးမှုများတာကြောင့် ဆံပင်ကျွတ်တာကို အမျိုးအစားအနေနဲ့ ခွဲပြောရမယ်ဆိုရင် (၃) မျိုးရှိပါတယ်။ နံပါတ် (၁) >>> Telogen effluvium – ဒီ Telogen effluvium (TEL-o-jun uh-FLOO-vee-um)ဆိုတာက စိတ်ဖိစီးမှု သိသိသာသာ များနေတာကြောင့် ဆံပင်တွေရဲ့ မွေးညှင်းအိတ်လေးတွေက ဘာမှကို အလုပ်မလုပ်တော့ဘဲ အနားယူလိုက်တဲ့ အခြေအနေမျိုးကိုရောက်သွားတာပါ။ ပြီးရင်တော့ လအနည်းငယ် အကြာမှာ ဆံပင်တွေက ရုတ်တရက် အများကြီး ကျွတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဆံပင်ကို ထိန်းသိမ်းတာ လျှော်တာတွေကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။ နံပါတ် (၂) >>> Trichotillomania – ဒီ Trichotillomania (trik-o-til-o-MAY-nee-uh) ဆိုတာက […]
မိုးကြီးရေကြီးမူလို သဘာဝဘေးဒဏ်တွေကြောင့် စိတ်ထိခိုက်မှု မပြင်းထန်စေဖို့၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုမူ လုပ်ပေးသင့်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။ သဘာဝဘေးဒဏ် ကြုံရအပြီး ပုံမှန်စိတ်ဒုက္ခ ဖြစ်တာကနေ ပြင်းထန်တဲ့အဆင့် မရောက်အောင် ဒီစိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းကို သုံးလေ့ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကမ္ဘာတဝှမ်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိတ်ကျန်းမာရေးဌာနတွေအနေနဲ့ ဒီနည်းကို အဓိက သုံးကြပါတယ်။ ပြင်းထန်တဲ့ စိတ်ဒုက္ခရောက်မှုအဆင့်မှာတော့၊ အရင်တပတ်က ပြောခဲ့တဲ့ အိပ်မရတာများလာတာ၊ ကိုယ့်ကိုယ်ကို သတ်သေချင်တာ၊ ပူဆွေးသောက ဆက်တိုက်ဖြစ်လာတာတွေကနေ၊ နောက်ပိုင်းမှာ စိတ်ကျရောဂါ (Depression)၊ စိတ်ပူပင် ကယောက်ကယက်ကြီးတဲ့ရောဂါ (Panic Anxiety) နဲ့ စိတ်ဒဏ်ရာရောဂါကြီး (PTSD) အထိ ဖြစ်လာနိုင်ပါတယ်။ မှန်ကန်တဲ့ကုသမှုယူလျှင် ဒီစိတ်ရောဂါတွေက ပြန်ကောင်းလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို ပြင်းထန်တဲ့ စိတ်ရောဂါတွေအဆင့် […]
စာအုပ်တစ်အုပ်ကို အဖုံးကိုပဲ ကြည့်ပြီး မဆုံးဖြတ်ပါနဲ့လို့ ပြောတာကို ကြားဖူးကြမှာပေါ့။ ဒီလိုပြောရတာက လူတွေကို အပေါ်ယံပဲ ကြည့်ပြီး ဆုံးဖြတ်တာက အမှားပါတတ်လို့ပါပဲ။ အခုတစ်ခေါက်မှာလည်း အပေါ်ယံ ကြည့်လိုက်ရင် အပြုံးချိုချိုလေးတွေနဲ့ ဆက်ဆံတတ်ပြီး ယဉ်ကျေးသလို၊ ကိုယ်ချင်းစာတတ်သလိုရှိပေမယ့် အတွင်းစိတ်မှာတော့ မနာလိုမှုတွေနဲ့ ပြည့်နှက်နေတဲ့ သူတွေမှာ ဘယ်လိုအပြုအမူလေးတွေ တွေ့ရနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အပြုံးချိုချို အတွင်းပုပ်ပုပ်သူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ အပြုံးချိုချိုနဲ့ အတွင်းစိတ်ပုပ်သူတွေမှာ အခုလို အကျင့်လေးတွေ အပြုအမူလေးတွေကို တွေ့ရနိုင်ပါတယ်။ အရမ်းကို ဝေဖန်တတ်ကြတယ် လူဆိုတာ အမှားနဲ့ မကင်းတတ်ကြပါဘူး။ အမှားဆိုတာက မမှားတာ အကောင်းဆုံးဆိုပေမယ့် မှားတာက အမှားသေးသေးလေးဖြစ်မယ်။ ထိခိုက်မှု မရှိဘူးဆိုရင်တော့ အလွန်အကျွံဝေဖန်တာ မကောင်းပါဘူး။ ဒီနေရာမှာ သေးသေးလေး မှားတာကို အလွန်အကျွံဝေဖန်နေပြီဆိုရင်တော့ […]